The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

Latest News

ဘဏ်များအကြားနိုင်ငံခြားငွေကြေးဈေးကွက်၏ သတင်းအချက်အလက်များဖြန့်ဝေသွားမည်ဖြစ်ခြင်း

ဘဏ်များအကြားနိုင်ငံခြားငွေကြေးဈေးကွက်၏ သတင်းအချက်အလက်များဖြန့်ဝေသွားမည်ဖြစ်ခြင်း

 

ဘဏ်များအကြား နိုင်ငံခြားငွေကြေးဈေးကွက်ဖွင့်လှစ်

    

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ကြီးကြပ်ဦးဆောင်မှုဖြင့် ရန်ကုန် နိုင်ငံခြားငွေကြေးဈေးကွက်ကော်မတီက သြဂုတ်၅ရက်တွင် စတင် အကောင်အထည် ဖော်မည့် ဘဏ်များအကြား နိုင်ငံခြားငွေကြေးဈေးကွက် ဖွင့်လှစ်ခြင်း အခမ်းအနားကို သြဂုတ်၁ရက် ညနေ၄နာရီက ရန်ကုန်မြို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ စုပေါင်းခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေရေးကြေးရေးကြပ်မတ်ကွပ်ကဲမှုဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်နှင့် ရန်ကုန်နိုင်ငံခြားငွေကြေးဈေးကွက် ကော်မတီဥက္ကဋ္ဌ ဦးမြသန်းတို့ကနိုင်ငံခြားငွေကြေး ဈေးကွက်စတင်ခြင်းဆိုင်ရာအစီအစဉ်နှင့် ရည်မှန်းချက်များ ကိုရှင်းလင်းပြောကြားခဲ့ကြသည်။

ပြည်တွင်းအခွန်မှဝန်ထမ်းအချို့အား အရေးယူဆောင်ရွက်ခြင်း

          ပြည်တွင်အခွန်များဦးစီးဌာနမှ ဝင်ငွေရလမ်းမဖော်ပြနိုင်သော ဝင်ငွေစိစစ်ခြင်းများတွင် လုပ်ထုံးလုပ်နည်း စနစ်တကျဆောင်ရွက်ရန် အားနည်းသောအရာထမ်း(၁၃)ဦးအား (၁၂-၇-၂၀၁၃)ရက်နေ့မှစ၍ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခဲ့ပြီး အရာထမ်း(၇)ဦးအား ဝန်ကြီးဌာနအတွင်းပြောင်းရွှေ့ တာဝန်ချထားခဲ့ကြောင်းနှင့် အရာထမ်း(၁၁)ဦးကိုမူ ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါအရာထမ်း(၃၁)ဦးတွင် ညွှန်ကြားရေးမှူး(၃)ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(၂၁)ဦး၊ ဦးစီးအရာရှိအဆင့်(၇)ဦး ပါဝင်ကြောင်းသိရှိရပါသည်။

English Language Proficiency Course (1/2013) & Computational Training Course (2/2013) Opening Ceremony

          ယနေ့ (၈-၇-၂၀၁၃)ရက်နေ့၊ နံနက် (၁၀း၀၀)နာရီ၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်ရုံးချုပ်တွင် ကျင်းပပြုလုပ်သော English Language Proficiency Course (1/2013) & Computational Training Course (2/2013) နှင့် ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဦးသန်းညိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူးများ၊ အရာရှိများနှင့် သင်တန်း ဆရာ/ဆရာမများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပါသည်။ English Language Proficiency Course (1/2013) တွင် သင်တန်းသား/သင်တန်းသူ (၄၀)ဦးနှင့် Computational Tranining Course (2/2013) တွင် သင်တန်းသား/သင်တန်းသူ (၃၅)ဦး တက်ရောက်မည်ဖြစ်ပါသည်။

 

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများခန့်ထားခြင်း

မြန်မာနိုင်ငံပြန်တမ်း

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများခန့်ထားခြင်း

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် အောက်ဖော် ပြပါပုဂ္ဂိုလ်များအား ၎င်းတို့နှင့်ယှဉ်တွဲဖော်ပြထားသည့်  ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ရာထူးနေရာများတွင် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့် ထား လိုက်သည်-

ဆက်လက်ဖတ်ရန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် Daiwa Institute of Research Ltd တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် Daiwa Institute of Research Ltd တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကျင်းပခြင်း

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် Daiwa Institute of Research Ltd တို့သည် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ၊ သတင်းအချက်အလက်နှင့်နည်းပညာ (IT)စနစ် ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် Office Computer System တပ်ဆင်အသုံးပြုနိုင်ရေး ပူးပေါင်း ဆောင်ရွက်မှု မူဘောင်သတ်မှတ်သည့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားအား ယနေ့ နံနက် (၁၀း၀၀)နာရီ အချိန်က နေပြည်တော်အမရာဟိုတယ်၌ ကျင်းပခဲ့ပါသည်။

Bank Negara Malaysia and the Central Bank of Myanmar sign MOU on Regional Economic and Financial Development

Bank Negara Malaysia and the Central Bank of Myanmar signed a Memorandum of Understanding (MoU) today in Bandar Seri Begawan, Brunei Darussalam, to establish a collaborative frameworktopromote greater regional economic and financial integration. The MoU further enhances economic cooperation and builds towards shared economic prosperity between the two countries.

The MoU also establishes a framework of cooperation for capacity building and human capital development with the support of the Malaysian Technical Cooperation Programme of the Malaysian Government.

နိုင်ငံခြားငွေလက်မှတ်( Foreign Exchange Certificate –FEC) ပြန်လည်ရွေးနုတ်ယူခြင်း လုပ်ငန်းအစီအစဉ်အရ နိုင်ငံခြားငွေလက်မှတ်များ လာရောက်လဲလှယ်အပ်နှံသည့် ဘဏ်၊ ဘဏ်ခွဲများနှင့် ငွေလဲကောင်တာများ၏ အမည်စာရင်းများ ထုတ်ပြန်ခြင်း

သတင်းထုတ်ပြန်ချက်
၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်

နိုင်ငံခြားငွေလက်မှတ်( Foreign Exchange Certificate –FEC)  ပြန်လည်ရွေးနုတ်ယူခြင်း လုပ်ငန်းအစီအစဉ်အရ နိုင်ငံခြားငွေလက်မှတ်များ လာရောက်လဲလှယ်အပ်နှံသည့် ဘဏ်၊ ဘဏ်ခွဲများနှင့် ငွေလဲကောင်တာများ၏ အမည်စာရင်းများ ထုတ်ပြန်ခြင်း

Pages

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 3rd April 2020

Reference Exchange rate
(WA market rate)
1,405.4
Interbank Market WA rate 1,407.2
Bank-customer Market WA rate

1,402.6

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

Interest Rate(%)
Central Bank Rate 8.5%pa
Minimum Bank Deposit Rate 6.5%pa

Maximum Bank Lending Rate (Secured)

Maximum Bank Lending Rate (Unsecured)

11.5%pa

 

14.5%pa

Economic Indicators (%)
GDP Growth Rate
2018-2019 First 6 Months
(October to March)
6.30 %
Annual Rate of Inflation
(January 2020)
9.06 %
Year on Year Inflation
(January 2020)
9.09 %

     Source : Ministry of Planning and Finance