The Republic of the Union of Myanmar

Central Bank of Myanmar

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။     မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (FSDP) အောက်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် The Flap Barrier System and Accessories for Central Bank of Myanmar - Naypyitaw Headquarter and Yangon and Mandalay Branches ဝယ်ယူရေး လုပ်ငန်းအတွက် ဝန်ဆောင်မှုပေးနိုင်သည့် ပြည်တွင်းကုမ္ပဏီများကို အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။     တင်ဒါစည်းကမ်းချက်များပါဝင်သော အိတ်ဖွင့်တင်ဒါပုံစံကို (၂၇-၇-၂၀၂၀) ရက်နေ့မှ (၃၀-၇-၂၀၂၀) ရက်နေ့အထိ ရုံးချိန်အတွင်း အင်ဂျင်နီယာဌာနစိတ် (စက်မှု)၊ စီမံခန့်ခွဲမှုနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရုံးအမှတ်(၅၅)၊ နေပြည်တော်တွင် ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါသည်။

၃။     အိတ်ဖွင့်တင်ဒါများကို (၂၄-၈-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီမတိုင်မီ နောက်ဆုံးထား၍ ရုံးအမှတ်(၅၅)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ ရာဇသင်္ဂဟလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်တွင် တင်သွင်းရန်ဖြစ်ပါသည်။ (သတ်မှတ်ကာလထက်ကျော်လွန်သော တင်ဒါများကို ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။)

၄။     အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် တင်ဒါတန်ဖိုး၏ ၁% အား တင်ဒါအာမခံကြေးအဖြစ် (၃) လ သက်တမ်းရှိသော Bank Guarantee အား သတ်မှတ်တင်ဒါစာရွက်စာတမ်းများနှင့်အတူ ချိပ်ပိတ်၍ တင်သွင်းရမည်။ (ငွေသား သို့မဟုတ် P.O Cheque ဖြင့် တင်သွင်းခြင်းကို လုံးဝလက်ခံမည် မဟုတ်ပါ။)

၅။      အသေးစိတ်သိရှိလိုသော အချက်အလက်များရှိပါက စီမံခန့်ခွဲမှုနှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးဌာန၊ နေပြည်တော်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဖုန်း ၀၆၇-၃၄၁၈၂၉၃ ၊ ၀၆၇-၃၄၁၈၁၇၁ တို့သို့လည်းကောင်း၊ အီးမေးလ်လိပ်စာ pcu.fsdp@cbm.gov.mm သို့ လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

Weighted-average (WA) Market Exchange Rate

MMK per USD - Date 23rd October 2020

Reference Exchange rate
(WA market rate)
1,289.5
Interbank Market WA rate 1,289.1
Bank-customer Market WA rate

1,290.2

CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.

  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(August 2020)
6.43 %
Year on Year Inflation
(August 2020)
1.84 %

     Source : Ministry of Planning and Finance