(၂၃-၁၂-၂၀၁၉) ရက်နေ့၌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ website တွင် ထုတ်ပြန်ကြေညာခဲ့သည့် "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့ပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက်မှုရှိရေးဆိုင်ရာသင်တန်း" လျှောက်လွှာခေါ်ယူခဲ့ခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည် -
(က) သင်တန်းအား (၁၃-၁-၂၀၂၀) ရက်နေ့အစား (၂၀-၁-၂၀၂၀) ရက်နေ့သို့ ပြောင်းလဲဖွင့်လှစ်မည် ဖြစ်ပါသည်။
( ခ ) သင်တန်းကာလမှာ (၂၀-၁-၂၀၂၀) ရက်နေ့မှ (၂၄-၁-၂၀၂၀) ရက်နေ့အထိ ဖြစ်ပါသည်။
( ဂ ) သင်တန်းအချိန်မှာ နေ့စဉ် နေ့လည် (၁:၃၀) နာရီမှ (၄:၃၀) နာရီအထိ ဖြစ်ပါသည်။
(ဃ) သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ စာရင်းအား (၉-၁-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် Website ၌ ကြေညာမည်ဖြစ်ပါသည်။
( င ) သင်တန်းကြေး ကျပ် - ၅၀,၀၀၀/- အား (၁၀-၁-၂၀၂၀) ရက်နေ့မှ (၁၅-၁-၂၀၂၀) ရက်နေ့ အထိ ရုံးချိန်အတွင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲတွင် လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။