The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးကျော်ကျော်မောင်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Veerathai Santiprabhob တို့သည် နှစ်နိုင်ငံငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးကျော်ကျော်မောင်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Veerathai Santiprabhob တို့သည် နှစ်နိုင်ငံငွေရေးကြေးရေး ပူးပေါင်းဆောင်ရက်မှုတိုးမြှင့်ရန်အတက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီတွင် ကမ္ဘာ့ဘဏ်နှင့်အပြည်ပြည်ဆိုင်ရာ ငွေကြးရန်ပုံငွေ အဖွဲ့တို့၏နှစ်ပတ်လည်အစည်းအဝေးကျင်းပစဉ်ကာလအတွင်း  ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဦးကျော်ကျော်မောင်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Veerathai Santiprabhob တို့သည် နှစ်နိုင်ငံငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ်တို့အကြား နိုင်ငံဖြတ် ကျော်ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုများတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ အသုံးပြုမှု တိုးမြှင့်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာနားလည်မှုစာချွန်လွှာ (MoU on Collaboration to Promote the Usage of Myanmar Kyat and Thai Baht for Cross-Border Payment and Settlement) နှင့် ငွေရေးကြေးရေးဆိုင်ရာဆန်းသစ်တီထွင်မှုနှင့် ငွေပေးချေမှုစနစ်များပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU on Cooperation in the Areas of Financial Innovations and Payment Systems) များကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

 

 

 

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြားငွေကြးနှင့်ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Veerathai Santiprabhob 
တို့မှ လက်မှတ်ရေးထိုးပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးစဉ်

 

 

 

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ငွေကြးနှင့်ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာနားလည်မှုစာချွန်လွှာများအား မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Veerathai Santiprabhob တို့မှ လက်မှတ်ရေးထိုးစဉ်

 

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 6th July 2020

Reference Exchange rate
(WA market rate)
1,371.1
Interbank Market WA rate 1,371.9
Bank-customer Market WA rate

1,370.0

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(May 2020)
8.35 %
Year on Year Inflation
(May 2020)
4.21 %

     Source : Ministry of Planning and Finance