ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ကြေညာချက်အမှတ်၊ ၁/၂၀၁၃
၁၃၇၄ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်
( ၂၀၁၃ ခုနှစ်၊ မတ် ၂၁ ရက် )
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလက်မှတ် (Foreign Exchange Certificate-FEC) များကို ပြန်လည်ရွေးနုတ်ယူရာတွင် လက်ဝယ်ထားရှိသူနှင့် ပိုင်ဆိုင်သူများ ဆုံးရှုံးနစ်နာမှု မရှိစေရေးအတွက် ဆောင်ရွက်မည့်အစီအစဉ် ကြေညာခြင်း
၁။ ၂၇-၁-၁၉၉၃ ရက်နေ့တွင် ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် ၄/၉၃ ၏ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလက်မှတ်များကို ၄-၂-၁၉၉၃ ရက်နေ့မှစ၍ထုတ်ဝေခဲ့ပါသည်။