The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

Criteria for Offshore Loan

ပြည်ပမှချေးငွေရယူခြင်းအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုမိန့်တောင်းခံရာတွင် ချေးငွေလျှောက်ထားသူက ဆောင်ရွက်ရန် အချက်များအား အသိပေးကြေညာခြင်း

၁။       နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းတွင် ပြည်တွင်း၌နေထိုင်သူသည် ပြည်ပမှချေးငွေများ ရယူခြင်းသို့မဟုတ် ပြည်ပမှ အခြားနည်းလမ်းများဖြင့် ချေးငှားခြင်း သို့မဟုတ် ချေးငွေရယူခြင်း ကဲ့သို့သော စာရွက်စာတမ်းအထောက်အထားတို့ကို ဆောင်ရွက်သည့်အခါတိုင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ကြိုတင်ခွင့်ပြုမိန့် တောင်းခံရယူရမည်ဟု ပြဋ္ဌာန်းထားပါသည်။

၂။      သို့ဖြစ်ပါ၍ အထက်ပါပုဂ္ဂိုလ်များ ပြည်ပမှချေးငွေများ ရယူလိုပါက အောက်ဖော်ပြပါ အထောက်အထားများဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှတစ်ဆင့် လည်းကောင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်သို့ တိုက်ရိုက်တင်ပြ၍လည်းကောင်းခွင့်ပြုမိန့်တောင်းခံရန် ဖြစ်ပါသည် -

(က)    ချေးငွေရယူရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရုံးအမှတ်(၅၅)၊ နေပြည်တော် သို့ လိပ်မူထားသည့်  လျှောက်ထားလွှာ၊

( ခ )             ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းအထောက်အထားများ (Company Extract ၊ Company Constitution)၊

( ဂ )             တည်ထောင်ပြီးကုမ္ပဏီဖြစ်ပါက အစိုးရအသိအမှတ်ပြုစာရင်းစစ်အဖွဲ့မှ အတည်ပြု ထားသောကုမ္ပဏီ၏ သက်ဆိုင်ရာဘဏ္ဍာနှစ်နှင့် အနီးစပ်ဆုံးနှစ်ချုပ် ပြင်ပစာရင်းစစ် အစီရင်ခံစာ၊

(ဃ)   ချေးငွေဆိုင်ရာအချက်အလက်များ (ကုမ္ပဏီမှ မှန်ကန်ကြောင်းလက်မှတ်ရေးထိုး ထားသော ချေးငွေပြန်လည်ပေးဆပ်မည့်အစီအစဉ် အပါအဝင်) ပြည့်စုံစွာပါရှိသည့် ချေးငွေစာချုပ် (မူကြမ်း)၊

( င )   ကုမ္ပဏီ၏ ထည့်ဝင်ပြီးမတည်ငွေရင်းအတွက် Equity ယူဆောင်လာပြီးကြောင်း ဘဏ်အထောက်အထားများ (Credit Advice or Bank Statement)၊

( စ )   အခြားတင်ပြလိုသည့် စာရွက်စာတမ်းများ။

၃။       မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် တင်ပြပါအထောက်အထားများပေါ်တွင် အောက်ပါ အချက်အလက်များအား စိစစ်၍ ခွင့်ပြုမိန့်ထုတ်ပေးမည်ဖြစ်ပါသည် -

(က)    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည့်ကုမ္ပဏီ (MIC Permitted Company) ဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီအနေဖြင့် Equity သို့မဟုတ် Capital Brought-in ပမာဏအနည်းဆုံးအမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို ပြည်တွင်းသို့လွှဲပြောင်းပြီး ရင်းနှီးမြှုပ်နှံထားသည့်လုပ်ငန်း ဖြစ်/မဖြစ်၊

( ခ )   ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ မှတ်ပုံတင်ဖြင့်သာ ဆောင်ရွက် သည့် ကုမ္ပဏီ (DICA Registered Company) ဖြစ်ပါက သက်ဆိုင်ရာကုမ္ပဏီ အနေဖြင့် Equity သို့မဟုတ် Capital Brought-in ပမာဏအနည်းဆုံး အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကို ပြည်တွင်းသို့ လွှဲပြောင်းပြီးရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်း ဖြစ်/မဖြစ်။

( ဂ )   နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းတို့တွင် ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ပချေးငွေရယူသူသည် နိုင်ငံခြားဝင်ငွေ ပုံမှန်ရရှိသည့် စီးပွားရေးအဖွဲ့အစည်း ဖြစ်/မဖြစ်။

(ဃ)    နိုင်ငံခြားငွေ ပုံမှန်မရရှိပါကလည်း ပြည်တွင်းရငွေဖြင့် လုံလောက်စွာ ပြန်လည် ပေးဆပ်နိုင်ကြောင်းနှင့် ဖြစ်ပေါ်လာနိုင်သည့် ငွေလဲလှယ်နှုန်းအတက်အကျကို ကာကွယ်နိုင်မည့်အစီအစဉ်များ ရှိ/မရှိ။

( င )   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကခွင့်ပြုထုတ်ပေးသည့် ခွင့်ပြုမိန့်တွင် ဖော်ပြ ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံငွေ (Equity Amount) ၏ အနည်းဆုံး ၈၀% ကို ယူဆောင်လာပြီးခြင်းရှိ/မရှိ။

( စ )   MIC Permit အရ ဆောင်ရွက်သည့် Company ဖြစ်ပါက Debt to Equity Ratio အား သတ်မှတ်ချက်ဘောင်ဖြစ်သည့် အများဆုံး ၄:၁ အတွင်း ရှိ/မရှိ။

(ဆ)    DICA ၏ မှတ်ပုံတင်ဖြင့်သာဆောင်ရွက်သည့် Company ဖြစ်ပါက Debt to Equity Ratio အား အများဆုံး ၃:၁ အတွင်းရှိ/မရှိ။

( ဇ )   ချေးငွေစာချုပ်ပါ ချေးငွေဆိုင်ရာ Terms and Conditions များနှင့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ။

( ဈ )   ချေးငွေစာချုပ်ပါပြန်ဆပ်ရန်ကာလ (Tenure) သည် နှစ်လတ် သို့မဟုတ် နှစ်ရှည် အတွင်း ဖြစ်/မဖြစ် နှင့် Repayment Schedule သည် ချေးငွေစာချုပ်နှင့် လိုက်လျောညီထွေ ဖြစ်/မဖြစ်။

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 14th July 2020

Reference Exchange rate
(WA market rate)
1,373.3
Interbank Market WA rate 1,374.1
Bank-customer Market WA rate

1,372.0

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(May 2020)
8.35 %
Year on Year Inflation
(May 2020)
4.21 %

     Source : Ministry of Planning and Finance