The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

Non-Bank Money Changers

ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများသို့ Money Changer Licence များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စိစစ်ခွင့်ပြုထုတ်ပေးရာတွင် ဆောင်ရွက်သော လုပ်ငန်းစဉ်များ

  • ကုမ္ပဏီများက M.C Licence လျှောက်ထားရာတွင် ပူးတွဲ(၁)ပါ အချက်အလက် အထောက်အထားများနှင့် ကိုက်ညီမှု ရှိ/မရှိကို မူရင်းစာရွက်စာတမ်း အထောက်အထားများနှင့်  တိုက်ဆိုင်စစ်ဆေးပါသည်။
  • အချက်အလက်များနှင့်ကိုက်ညီမှုရှိပါက ညွှန်ကြားရေးမှူးချုပ်ထံ ဆက်လက်တင်ပြ၍ CBM 03 Form ထုတ်ပေးပါသည်။
  • လျှောက်ထားသူ မန်နေဂျင်းဒါရိုက်တာ (သို့) ဒါရိုက်တာက CBM 03 Form တွင် အချက်အလက်များအား ဖြည့်စွက်တင်ပြလာပါက ပြည့်စုံမှု ရှိ/မရှိ စိစစ်၍ အမှုတွဲအား လက်ခံထားပါသည်။
  • လျှောက်ထားသောကုမ္ပဏီအမည်၊ MD အမည်၊ လုပ်ငန်းလိပ်စာ၊ နေရပ်လိပ်စာတို့အား ဖြည့်စွက်၍ လျှောက်ထားသူအား ပြစ်မှုကင်းရှင်းကြောင်း စိစစ်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်သို့ ပေးပို့ပါသည်။
  • အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနထံမှ ပြစ်မှုကင်းရှင်းကြောင်း စိစစ်ပြန်ကြားစာရပါက M.C Licence လျှောက်ထားသောကုမ္ပဏီအား ကောင်တာပြင်ဆင်ခွင့် အကြောင်းကြားစာ ပေးပို့ပါသည်။
  • ကုမ္ပဏီထံမှ ကောင်တာပြင်ဆင်ပြီးစီးကြောင်း အထောက်အထား ဓာတ်ပုံများနှင့် ပြန်လည်တင်ပြလာပါက ကုမ္ပဏီ၏ Money Changer ကောင်တာအား စိစစ်မှုပြုလုပ်ပေးနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သတင်းနှင့်လုံခြုံရေးဌာနသို့ အကြောင်းကြားစာပေးပို့ပါသည်။
  • သတင်းနှင့်လုံခြုံရေးဌာနထံမှ စိစစ်ချက်၊ အကြံပြုချက်များအား လိုက်နာဆောင်ရွက်ပြီးပါက M.C Licence ကနဦးကြေး ကျပ် ၁,၀၀၀,၀၀၀/- အား Pay-in-slip တွင်ဖြည့်စွက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှုဌာနသို့ သွားရောက်ပေးသွင်းစေပြီး M.C Licence ကတ်ပြား ထုတ်ပေးပါသည်။

ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများက Money Changer (M.C) လိုင်စင်လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့် အထောက်အထားများ

  • ညွှန်ကြားရေးမှူးချုပ် ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ကုမ္ပဏီ Letter Head ဖြင့် ကိုယ်တိုင်ရေးလျှောက်လွှာ
  • လျှောက်ထားသူ၏ မှတ်ပုံတင်လက်မှတ်မိတ္တူ/ မူရင်းတင်ပြရမည်။
  • လျှောက်ထားသူ၏ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်မူရင်း      
  • ကုမ္ပဏီနှင့်ပတ်သက်သော အထောက်အထားမိတ္တူ/  မူရင်းတင်ပြရမည်။ (ကုမ္ပဏီမှတ်ပုံတင်၊ Form 6,26၊ Form E၊ သင်းဖွဲ့စည်းမျဉ်း၊ သင်းဖွဲ့မှတ်တမ်း)    
  • Form 26 တွင် ပါဝင်သော ဒါရိုက်တာအဖွဲ့အားလုံး၏ ကိုယ်ရေးအကျဉ်းနှင့် ဓာတ်ပုံ မှတ်ပုံတင်မိတ္တူ
  • A.D လိုင်စင်ရဘဏ်တစ်ခုခုတွင် ကုမ္ပဏီအမည်ဖြင့် ကနဦးမတည်ရင်းနှီးငွေ အနည်းဆုံး ကျပ် ၃၀ သန်း ထည့်ဝင်ထားသည့် Bank Statement  မူရင်း
  • A.D လိုင်စင်ရဘဏ်တစ်ခုခုတွင် ကုမ္ပဏီအမည်ဖြင့် နိုင်ငံခြားငွေစာရင်းဖွင့်ထားသည့် ဘဏ်စာအုပ် မိတ္တူ/မူရင်းတင်ပြရမည်။
  • နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတို့ကို သိရှိနားလည်၍ ယင်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိ
  • လုပ်ငန်းစီမံချက်
  • လုပ်ငန်းဓာတ်ပုံ(၃)ပုံ (ကောင်တာဖွင့်မည့်နေရာပြ အနီးအဝေးဓာတ်ပုံ (၂)ပုံ နှင့် ကုမ္ပဏီအမည်ပါ ရုံးခန်းဓာတ်ပုံ(၁)ပုံ)
  • M.C Licence လျှောက်ထားရန် ဒါရိုက်တာအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်မူရင်း
  • လျှောက်ထားသူကိုယ်တိုင် မလာရောက်နိုင်ပါက ၊ ကိုယ်စားလှယ်လွှဲစာ၊ ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူ

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 17th February 2020

Reference Exchange rate
(WA market rate)
1,445.0
Interbank Market WA rate 1,445.2
Bank-customer Market WA rate

1,444.7

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၁၀%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၈%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၃%

တစ်နှစ်လျင် ၁၆%

 

Economic Indicators (%)

GDP Growth Rate
2018-2019 First 6 Months
(October to March)
6.30 %
Annual Rate of Inflation
(December 2019)
8.81 %
Year on Year Inflation
(December 2019)
9.45 %

     Source : Ministry of Planning and Finance