အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် စီးပွားရေးအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံသူများ အတွက် ကာလရှည်အရင်းအနှီးနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရရှိစေရေး၊ ရင်းနှီးမြှုပ်နှံမှုများကိုထိရောက် စွာအကာအကွယ်ပေးရန်နှင့် နိုင်ငံတော်၏ စီးပွားရေးခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်ရည် ရွယ်၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုး တက်ရေးကော်မတီကို (၁.၇.၂၀၀၈)ရက်နေ့တွင်ဖွဲ့စည်းခဲ့ပါသည်။ ထို့အပြင် အဆိုပါကော်မတီအား ထိရောက် စွာ အထောက်အကူပြုစေရန် ဆပ်ကော်မတီ(၆)ခုကို (၁၇-၉-၂၀၀၈)ရက်နေ့တွင် ထပ်မံဖွဲ့စည်းခဲ့ပါသည်။ ၎င်းဆပ်ကော်မတီများမှာ -
(၁) ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၊
(၂) အများနှင့်သက်ဆိုင်သောကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၊
(၃) ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေစည်းမျဉ်းစည်းကမ်းများပြုစု ရေးဆပ်ကော်မတီ၊
(၄) ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများဖွဲ့စည်းရေးဆပ်ကော်မတီ၊
(၅) လေ့ကျင့်ပညာပေးရေးနှင့် ပြန်ကြားရေး ဆပ်ကော်မတီ၊
(၆) စာရင်းကိုင်နှင့်စာရင်းစစ်စံများဆိုင်ရာ ဆပ်ကော်မတီတို့ ဖြစ်ကြပါသည်။
အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်မှ သတ်မှတ်ပြဌာန်းထားသည့် Time Frame အတိုင်း မြန်မာနိုင်ငံ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းပြမြေပုံ သတ်မှတ်ပြဌာန်းပြီး၊ အဆင့် (၃)ဆင့်ခွဲကာ ဆောင်ရွက်လျက်ရှိပါသည်။ ပထမအဆင့်အား ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိလည်းကောင်း၊ ဒုတိယအဆင့်အား ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိလည်းကောင်း၊ တတိယအဆင့်အား ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိလည်းကောင်း သတ်မှတ်ခဲ့ပါသည်။
မြန်မာနိုင်ငံငွေချေးစာချုပ်ဈေးကွက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ (၁.၁.၂၀၁၀)ရက်နေ့ တွင် လက်ရှိထုတ်ဝေလျက်ရှိသည့် (၃)နှစ်နှင့်(၅)နှစ် အစိုးရငွေတိုက်စာချုပ် အမျိုးအစားများအပြင် (၂)နှစ် သက်တမ်းရှိသော အစိုးရငွေတိုက်စာချုပ် အမျိုးအစားကိုပါ တိုးချဲ့ထုတ်ဝေနိုင်ခဲ့ပါသည်။ ထို့အပြင် အစိုးရ ငွေတိုက်စာချုပ် အမျိုးအစားများနှင့်ပတ်သက်၍ လက်ရှိထုတ်ဝေလျက်ရှိသော ကျပ်(၁)သောင်း၊ ကျပ်(၁)သိန်း၊ ကျပ်(၁)သန်း တန်များအပြင် ကျပ်(၁၀)သန်းတန် အမျိုးအစားကိုပါ တိုးချဲ့ထုတ်ဝေခဲ့ပါသည်။
၎င်းပြင် (၁-၁-၂၀၁၀)ရက်နေ့မှစ၍ အစိုးရငွေချေးစာချုပ်ရောင်းဝယ်သည့်ဈေးကွက်ဖွံ့ဖြိုးစေရန် မြန်မာ့ စီးပွားရေးဘဏ်နှင့် မြန်မာ့ငွေချေးသက်သေခံလက်မှတ်များလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီတို့အား အများပြည်သူ သို့ အစိုးရငွေတိုက်စာချုပ်များရောင်းချရန် ကိုယ်စားလှယ်များအဖြစ် ခန့်အပ်ခဲ့ပါသည်။
ဘဏ်အချင်းချင်းနှင့် ဘဏ်နှင့်အဖွဲ့အစည်းများအကြား Secondary Market ဆောင်ရွက်ခြင်းကိုလည်း ၂၀၁၃ ခုနှစ်၊ ဧပြီလမှစ၍ ခွင့်ပြုပေးခဲ့ပါသည်။
မြန်မာနိုင်ငံ၏ ငွေချေးစာချုပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ + ၃ ဘဏ္ဍာရေးပူးပေါင်း ဆောင်ရွက် မှုလုပ်ငန်းစဉ်အောက်ရှိ အာရှငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး Asian Bond Market Initiative (ABMI) လုပ်ငန်းစဉ်အရ Japan ASEAN Financial Technical Assistance (JAFTA) ၏ ကူညီထောက်ပံ့ မှုဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏တာဝန်ပေးချက်အရ နည်းပညာပထမအဆင့်ကို ဒိုင်ဝါသုတေသနအဖွဲ့မှ ၂၀၁၁ ခုနှစ်၊ ဇွန်လမှ ၂၀၁၂ခုနှစ်၊ မေလအထိ ဆောင်ရွက်ခဲ့ပါသည်။ နည်းပညာအကူအညီဒုတိယအဆင့်အား ၂၀၁၃ ခုနှစ်၊ ဇွန်လမှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍၊ နည်းပညာအကူအညီများရယူရန် နိုင်ငံတကာအဖွဲ့အစည်းအချို့နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အကြားလက်မှတ်ရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာများအရ ဂျပန်နိုင်ငံမှ Japan Exchange Group (JPX), Daiwa Institute of Research Co.Ltd;(DIR), Policy Research Institute ( PRI ) တို့မှလည်းကောင်း၊ ထိုင်းနိုင်ငံမှ Stock Exchange of Thailand (SET) နှင့် Securities and Exchange Commission (SEC) တို့မှလည်းကောင်း၊ ကိုရီးယားနိုင်ငံမှ Korea Exchange (KRX) မှလည်းကောင်း နည်းပညာအကူအညီများ ပေးလျက်ရှိပါသည်။
မြန်မာငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေအား (၃၁.၇.၂၀၁၃)ရက်နေ့တွင် ပြဌာန်းခဲ့ပြီးဖြစ်ပါသည်။