The Republic of the Union of Myanmar

Central Bank of Myanmar

အခန်း(၉) နိုင်ငံခြားသုံးငွေနှင့် နိုင်ငံခြားသုံးသီးသန့်ငွေစီမံခန့်ခွဲမှု

၇၅။ ဗဟိုဘဏ်သည် အစိုးရ၏ခွင့်ပြုချက်ဖြင့် အောက်ပါလုပ်ငန်းများကို တာဝန်ယူရမည်-
(က) နိုင်ငံတော်အတွင်းပြုလုပ်သည့် ရွှေနှင့်နိုင်ငံခြားသုံးငွေအပေးအယူပြုလုပ်မှုဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊ စည်းမျဉ်းများကိုသတ်မှတ်ခြင်း၊
(ခ) နိုင်ငံခြားသုံးငွေ အပေးအယူပြုလုပ်မှုများပြုမည့် နိုင်ငံခြားငွေလဲလှယ်နှုန်းများကို သတ်မှတ်ပေးခြင်း၊
(ဂ) မိမိ၏ငွေလဲလှယ်နှုန်းများကို နေ့စဉ်ထုတ်ပြန်ကြေညာခြင်း။

၇၆။ ဗဟိုဘဏ်သည်အခါအားလျော်စွာ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အောက်ဖော်ပြပါလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်-
(က) ရွှေ သို့မဟုတ် အခြားအဖိုးတန်သတ္တုများကိုဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်း၊
(ခ) နိုင်ငံခြားသုံးငွေအပေးအယူပြုလုပ်မှုများတွင် အများအသုံးပြုသော မည်သည့်စာချုပ်စာတမ်းများဖြင့်မဆို အသုံးပြု၍ နိုင်ငံခြားငွေကြေးများကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်း၊
(ဂ) နိုင်ငံခြားအစိုးရများ သို့မဟုတ် နိုင်ငံတကာအစိုးရ ငွေရေးကြေးရေးအဖွဲ့အစည်းများက ထုတ်ဝေသည့် သို့မဟုတ် အာမခံသည့်ငွေတိုက်လက်မှတ်များနှင့် အခြားငွေချေးသက်သေခံလက်မှတ်များကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်းနှင့် ရောင်းဝယ် ဖောက်ကားခြင်း၊
(ဃ) ပြည်ပရှိနိုင်ငံတကာအစိုးရ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ဗဟိုဘဏ်များ၊ ငွေကြေးအာဏာပိုင်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် ငွေစာရင်းများကိုဖွင့်လှစ် ထိန်းသိမ်းထားရှိခြင်း၊
(င) ပြည်ပရှိနိုင်ငံတကာအစိုးရ ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ ဗဟိုဘဏ်များ၊ ငွေကြေးအာဏာပိုင်များနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၊ နိုင်ငံခြားအစိုးရများနှင့် ယင်းတို့အား ကိုယ်စားပြုသူများအတွက် ကိုယ်စားလှယ်အဖြစ် သို့မဟုတ် ဆက်သွယ်သူအဖြစ် ဆောင်ရွက်ခြင်းနှင့်ငွေစာရင်းများကို ဖွင့်လှစ် ထိန်းသိမ်းပေးခြင်း၊
(စ) အစိုးရ၏ခွင့်ပြုချက်ဖြင့် ဗဟိုဘဏ်က သင့်လျော်သည်ဟုယူဆသော စည်းကမ်းချက်များနှင့်အညီ မည်သည့်နိုင်ငံခြားငွေကြေးဖြင့်မဆို ငွေချေးယူခြင်းနှင့် အဆိုပါချေးငွေများအတွက် အာမခံပေးခြင်း။

၇၇။ ဗဟိုဘဏ်သည် အစိုးရ၏ခွင်ပြုချက်ဖြင့် နိုင်ငံတကာအစိုးရငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ အပြည်ပြည်ဆိုင်ရာအသင်းအဖွဲ့များ၏ အစုရှယ်ယာများ သို့မဟုတ် ငွေချေးသက်သေခံလက်မှတ် များကို ဝယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရောင်းချခြင်းပြုနိုင်သည်။

၇၈။ (က) ရွှေ၊ အထူးထုတ်ယူခွင့်များ၊ အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြုငွေစာရင်းယူနစ်များ သို့မဟုတ် ကျပ်ငွေဖြင့် တန်ဖိုးသင့်ထားသော နိုင်ငံခြားငွေကြေးတို့၏တန်ဖိုးများ သို့မဟုတ် ငွေလဲလှယ်နှုန်းများတွင် တစ်စုံတစ်ရာ ပြောင်းလဲမှုကြောင့် ဗဟိုဘဏ်၏ ရွှေ၊ အထူးထုတ်ယူခွင့်များ သို့မဟုတ် နိုင်ငံခြားငွေကြေးများဖြင့်ဖြစ်စေ၊ ယင်းတို့ဖြင့်တန်ဖိုးသတ်မှတ်၍ဖြစ်စေ၊ ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များကို တန်ဖိုးသတ်မှတ်ခြင်း ကြောင့် ပြောင်းလဲဖြစ်ပေါ်လာသော ဗဟိုဘဏ်၏ မည်သည့်နှစ်မှမည်သည့် အသားတင်အမြတ်ကိုမဆို အထူးသီးသန့်ငွေစာရင်းတစ်ခုသို့ မြီရှင်စာရင်းရေးသွင်းရမည်၊
(ခ) ပုဒ်မခွဲ(က)ပါ ပြောင်းလဲမှုတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော ဗဟိုဘဏ်၏မည်သည့်နှစ်မှ မည်သည့် အသားတင်အရှုံးကိုမဆို အထူးသီးသန့်ငွေစာရင်းရှိ မြီရှင်လက်ကျန်မှ ခုနှိမ်ရမည်။ အကယ်၍ယင်းလက်ကျန် သည် အဆိုပါအသားတင်အရှုံးကို ကာမိရန်လုံလောက်ခြင်းမရှိပါက မြီစားလက်ကျန်ဖြစ်ပေါ်ခြင်းကို ရှောင်ရှား ရန်အလို့ငှာ အစိုးရသည် လုံလောက်သည့်အစိုးရငွေချေးသက်သေခံလက်မှတ်များကို ဗဟိုဘဏ်သို့ထုတ်ပေး ရမည်၊
(ဂ) ပုဒ်မခွဲ(က)တွင် ရည်ညွှန်းသော အသားတင်အမြတ်သည်လည်းကောင်း၊ ပုဒ်မခွဲ(ခ)တွင် ရည်ညွှန်းသော အသားတင်အရှုံးသည်လည်းကောင်း ဗဟိုဘဏ်၏နှစ်စဉ်အသားတင်အမြတ်ငွေတွက်ချက်ရာတွင် မပါဝင်စေရ၊
(ဃ) နှစ်စဉ်နှစ်ကုန်ဆုံးချိန်တိုင်း ဗဟိုဘဏ်၏အထူးသီးသန့်ငွေစာရင်းရှိ မြီရှင်လက်ကျန်ကိုပိတ်ပင်ထားသော အစိုးရငွေစာရင်းတစ်ခုသို့ပေးသွင်းရမည်။ ယင်းမြီရှင်လက်ကျန်အပေါ်တွင် အစိုးရကဗဟိုဘဏ် ချေးငွေအတွက် ပေးသည့် အတိုးနှုန်းအတိုင်း အတိုးရရှိစေရမည်။ ငွေရင်းကို ပုဒ်မခွဲ(ခ)အရ ထုတ်ပေးထားသော အစိုးရငွေချေး သက်သေခံလက်မှတ်များအား ပြေကျေစေရန်အတွက်သာ အသုံးပြုနိုင်သည်၊
(င) ဤပုဒ်မပါ ပြဌာန်းချက်များမှလွဲ၍ အထူးသီးသန့်ငွေစာရင်းသို့ မြီရှင် သို့မဟုတ် မြီစားစာရင်း ရေးသွင်းခြင်း များမပြုလုပ်ရ။

၇၉။ ဗဟိုဘဏ်သည် မိမိကိုယ်ပိုင်အမည်ဖြင့်ဖြစ်စေ၊ အစိုးရကိုယ်စားဖြစ်စေ၊ အစိုးရအတွက်နှင့် အစိုးရ၏အမိန့်အရဖြစ်စေ ပြည်ပတွင်တည်ထောင်ထားသည့် အများပိုင်နှင့် ပုဂ္ဂလိကပိုင် မျိုးတူ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ငွေစာရင်း ရှင်းလင်းခြင်းနှင့် ငွေပေးချေမှုသဘောတူညီချက်များကိုသော်လည်းကောင်း၊ တူညီသောရည်ရွယ်ချက်ဖြင့် အခြား သဘောတူစာချုပ်များကိုသော်လည်းကောင်း ချုပ်ဆိုနိုင်သည်။

၈၀။ ဗဟိုဘဏ်သည် အခါအားလျော်စွာ သတ်မှတ်သည့်စည်းကမ်းချက်များနှင့်အညီ သက်ဆိုင်ရာရပိုင်ခွင့်များနှင့် ဆက်နွယ်နေသောငွေဖြစ်လွယ်မှုနှင့် ဆုံးရှုံးနိုင်မှုတို့ကိုထိုက်သင့်သလို ထည့်သွင်းစဉ်းစား၍ အောက်ပါတို့အနက် အချို့အဝက်သော်လည်းကောင်း၊ အားလုံးသော်လည်းကောင်းပါဝင်သည့် နိုင်ငံခြားသုံးသီးသန့်ငွေကို တည်ထောင် ထားရှိရန်နှင့် ထိန်းသိမ်းရန်တာဝန်ယူရမည်-
(က) ရွှေ၊
(ခ) နိုင်ငံခြားသုံးငွေ၊
(ဂ) ဤပုဒ်မပါ ကိစ္စရပ်များအတွက် ဗဟိုဘဏ်ကသဘောတူလက်ခံနိုင်သည့် နိုင်ငံခြားငွေကြေးအမျိုးအစားနှင့် သဘောတူလက်ခံနိုင်သည့် ဒေသများတွင်ပေးချေရမည့် ငွေပေးအမိန့်လက်မှတ်များနှင့် ငွေပေးကတိ စာချုပ်များ၊
(ဃ) အောက်ပါတို့အပါအဝင်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာအသိအမှတ်ပြု သီးသန့်ငွေရရန်ပိုင်ခွင့်-
(၁) အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ သီးသန့်ငွေ ထရန့် သုံးစွဲနိုင်သည့်အခွင်အလမ်း၊
(၂) အထူးထုတ်ယူခွင့်များ ပိုင်ဆိုင်မှု။

၈၁။ (က) ဗဟိုဘဏ်သည် ပုဒ်မ ၈၀ အရ တည်ထောင်ထားရှိသည့် နိုင်ငံခြားသုံးသီးသန့်ငွေကို နိုင်ငံတော်၏ အပြည်ပြည်ဆိုင်ရာ အပေးအယူပြုလုပ်မှုများအတွက် လုံလောက်သည်ဟု ဗဟိုဘဏ်က ယူဆသည့် ပမာဏနှင့်အညီ ထိန်းသိမ်းထားရှိနိုင်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ရမည်၊
(ခ) နိုင်ငံခြားသုံးသီးသန့်ငွေကျဆင်းလာလျှင်သော်လည်းကောင်း၊ နိုင်ငံတော်၏အပြည်ပြည်ဆိုင်ရာ အပေးအယူ ပြုလုပ်မှုများအတွက် ယင်းနိုင်ငံခြားသုံးသီးသန့်ငွေ၏ လုံလောက်မှုမှာစိတ်မချရသည့် အတိုင်းအတာအထိ ကျဆင်းမည့်အန္တရာယ်ရှိသည်ဟု ဗဟိုဘဏ်ကယူဆလျှင်သော်လည်းကောင်း ဗဟိုဘဏ်သည်နိုင်ငံခြားသုံး သီးသန့်ငွေအခြေအနေနှင့် အဆိုပါကျဆင်းမှုကိုဖြစ်စေသော သို့မဟုတ် ဖြစ်စေနိုင်သောအကြောင်း အချက် အလက်များ၊ ယင်းအခြေအနေကိုကုစားမှုပြုနိုင်ရန် ဗဟိုဘဏ်ကသင့်လျော်သည်ဟုယူဆသော အဆိုပြုချက် များပါရှိသည့် အစီရင်ခံစာကို အစိုးရထံတင်ပြရမည်၊
(ဂ) ပုံမှန်အခြေအနေရရှိပြီဟု ယူဆသည့်အချိန်အထိ ဗဟိုဘဏ်သည်အဆိုပြုချက်နှင့် အစီရင်ခံစာကို တစ်ကြိမ်လျှင် သုံးလထက်မကျော်လွန်စေဘဲ ဆက်လက်အစီရင်ခံတင်ပြရမည်။

၈၂။ ဗဟိုဘဏ်သည် နိုင်ငံတော်က အခါအားလျော်စွာ တင်ရှိလာနိုင်မည့် ပြည်ပကြွေးမြီများနှင့်စပ်လျဉ်း၍ မည်သို့ ဆောင်ရွက်သင့်ကြောင်းကို စည်းကမ်းချက်များ၊ အခြားအချက်အလက်များနှင့်တကွ အစိုးရထံအကြံပြုတင်ပြနိုင်သည်။ ထိုသို့တင်ပြနိုင်ရန် ဗဟိုဘဏ်သည် နိုင်ငံတော်ကချေးယူထားသော သို့မဟုတ် အာမခံထားသော နိုင်ငံခြားကြွေးမြီ အားလုံး၏ နောက်ဆုံးလက်ကျန်စာရင်းများကို ဝန်ကြီးဌာနမှတောင်းခံရယူနိုင်သည်။

၈၃။ ဗဟိုဘဏ်သည် အစိုးရကိုယ်စားလှယ်အဖြစ် နိုင်ငံခြားသုံးငွေလဲလှယ်မှုကြီးကြပ်ကွပ်ကဲခြင်းဆိုင်ရာ ဥပဒေများအား ကိုင်တွယ်ကျင့်သုံးရမည်။ ယင်းသို့ကိုင်တွယ်ကျင့်သုံးရာတွင် အောက်ပါလုပ်ငန်းများကိုလည်း ဆောင်ရွက်ခွင့်ရှိသည်-
(က) နိုင်ငံခြားငွေကြေးများ ရောင်းဝယ်ဖောက်ကားသည့် ပုဂ္ဂိုလ်များအား လုပ်ငန်းလိုင်စင်ထုတ်ပေးခြင်း၊ လုပ်ငန်းလိုင်စင်ရုပ်သိမ်းခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊
(ခ) နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသူများ လက်ဝယ်တွင်ထားရှိနိုင်သည့် နိုင်ငံခြားသုံးငွေရရန်ပိုင်ခွင့်များ ၏ ပမာဏကို ကန့်သတ်ပေးခြင်း၊
(ဂ) နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်သည့် ပုဂ္ဂိုလ်များ၏ငွေကြေးတစ်မျိုးချင်းအနေဖြင့်သော်လည်းကောင်း၊ အားလုံးစုပေါင်း၍သော်လည်းကောင်း၊ အသားတင် နိုင်ငံခြားသုံးငွေရရန်ပိုင်ခွင့်ပမာဏနှင့် အဆိုပါပုဂ္ဂိုလ် များ၏ ပြည်ပကြွေးမြီတင်ရှိမှု ပမာဏတို့ကို ကန့်သတ်ပေးခြင်းနှင့်လိုအပ်သော စည်းကမ်းချက်များကို သတ်မှတ်ပေးခြင်း။

MMK per USD - Date 16th September 2021

Reference Exchange Rate

1750.0

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2019-2020 FY
3.20 %
Annual Rate of Inflation
(February 2021)
2.61 %
Year on Year Inflation
(February 2021)
1.51 %

    Source :

    Ministry of Planning, Finance and Industry