၈၇။ မည်သူမဆိုပုဒ်မ ၈၄ ပါ ပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်းခြင်းခံရလျှင် ထိုသူအားငွေဒဏ်ကျပ် ၅၀၀၀ အထိ ချမှတ်ရမည်။
၈၈။ ဗဟိုဘဏ်အဖွဲ့ဝင်၊ ဝန်ထမ်း သို့မဟုတ် ကိုယ်စားလှယ်သည် ပုဒ်မ ၈၅ ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအားငွေဒဏ် ကျပ် ၁၀၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၈၉။ မည်သူမဆို ပုဒ်မ ၈၆ ပါ ပြဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအားအနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ရမည်။ ထို့ပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။
၉၀။ မည်သူမဆို ဤဥပဒေအရ ပြစ်မှုတစ်ခုခုကျူးလွန်ခြင်းကို အားပေးကူညီလျှင် သို့မဟုတ် ကျူးလွန်ရန်အားထုတ်လျှင် သို့မဟုတ် ကျူးလွန်ရန်ပူးပေါင်းကြံစည်လျှင် ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဌာန်းထားသော ပြစ်ဒဏ် ချမှတ်ခြင်းကို ခံရမည်။