The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ-၁၉၉၇

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၂/၉၇)
၁၃၅၈ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက်
(၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၈၃၊ ပုဒ်မခွဲ (က)ကို အောက်ပါအတိုင်း အစားထိုးရမည်—
“(က) နိုင်ငံခြားငွေကြေးများ သို့မဟုတ် နိုင်ငံခြားသုံးငွေနှင့်ဆက်စပ်သော စာချုပ်စာတမ်း တစ်မျိုးမျိုး သို့မဟုတ် လက်မှတ်များ ရောင်းဝယ်ဖောက်ကားသည့် ပုဂ္ဂိုလ်များအား လုပ်ငန်းလိုင်စင် ထုတ်ပေးခြင်း၊ လုပ်ငန်းလိုင်စင် ရုပ်သိမ်းခြင်း၊ ကြီးကြပ်စစ်ဆေးခြင်းနှင့် ကြပ်မတ်ကွပ်ကဲခြင်း၊"

၃။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၈၄ ၏ နောက်တွင် ပုဒ်မ ၈၄ - က ကို အောက်ပါအတိုင်း ဖြည့်စွက်ရမည်—
“၈၄ - က။ ။ (က) နိုင်ငံခြားငွေကြေးများ သို့မဟုတ် နိုင်ငံခြားသုံးငွေနှင့်ဆက်စပ်သော စာချုပ်စာတမ်း တစ်မျိုးမျိုး သို့မဟုတ် လက်မှတ်များ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူ မည်သူမျှ လုပ်ငန်းလိုင်စင် စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက် ဖျက်ခြင်း မပြုရ၊
(ခ) မည်သူမျှ နိုင်ငံခြားငွေကြေးများ သို့မဟုတ် နိုင်ငံခြားသုံးငွေနှင့်ဆက်စပ်သော စာချုပ် စာတမ်း တစ်မျိုးမျိုး သို့မဟုတ် လက်မှတ် များ ရောင်းဝယ်ဖောက်ကားခြင်းနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်က ထုတ်ပြန်ထားသော အမိန့် သို့မဟုတ် ညွှန်ကြားချက်ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ခြင်း မပြုရ၊
(ဂ) မည်သူမျှ နိုင်ငံခြားငွေကြေးများ သို့မဟုတ် နိုင်ငံခြားသုံးငွေနှင့်ဆက်စပ်သော စာချုပ် စာတမ်း တစ်မျိုးမျိုး သို့မဟုတ် လက်မှတ် များ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းကို လုပ်ငန်းလိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်း မပြုရ။"

၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၈၇ ကို အောက်ပါအတိုင်း အစားထိုးရမည်—
“၈၇။ မည်သူမဆို ပုဒ်မ ၈၄ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ငွေဒဏ်ကျပ် ၁၀၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် သက်သေခံပစ္စည်းများ ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။”

၅။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၈၇ ၏ နောက်တွင် ပုဒ်မ ၈၇ - က နှင့် ပုဒ်မ ၈၇ - ခ တို့ကို အောက်ပါအတိုင်း ဖြည့်စွက် ရမည်—
“၈၇ - က။ မည်သူမဆို ပုဒ်မ ၈၄ - က၊ ပုဒ်မခွဲ (က) နှင့် (ခ) ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငွေဒဏ်ကျပ် ၁၀၀၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၅ နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။”
“၈၇ - ခ။ မည်သူမဆို ပုဒ်မ ၈၄ - က၊ ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငွေဒဏ်ကျပ် ၂၀၀၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၇ နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။ ထို့ပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။”

၆။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၉၃ တွင် ပါရှိသော “ ပုဒ်မ ၈၇ သို့မဟုတ် ပုဒ်မ ၈၈ အရ" ဆိုသည့် စကားရပ်ကို “ပုဒ်မ ၈၇၊ ပုဒ်မ ၈၇ - က ၊ ပုဒ်မ ၈၇ - ခ သို့မဟုတ် ပုဒ်မ ၈၈ အရ" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 10th July 2020

Reference Exchange rate
(WA market rate)
1,369.7
Interbank Market WA rate 1,370.5
Bank-customer Market WA rate

1,368.4

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(May 2020)
8.35 %
Year on Year Inflation
(May 2020)
4.21 %

     Source : Ministry of Planning and Finance