(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/၉၅)
၁၃၅၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်
(၁၉၉၅ ခုနှစ်၊ မေလ ၅ ရက်)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၈၉ တွင် ပါရှိသော “ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ရမည်" ဆိုသည့်စကားရပ်ကို “အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးတစ်သက်တစ်ကျွန်းဒဏ်အထိ ချမှတ် ရမည်" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။
(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့