ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းအား HongKong and Shanghai Banking Corporation Ltd. (HSBC)မှ General Manager, Mr. Guy Harvey-Samuel နှင့်အဖွဲ့သည် မေလ ၃၁ ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပြီး HSBC ဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ကိစ္စများကို အကျယ် တဝင့် ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား Myanmar Daewoo Ltd., Managing Director, Mr. Park Jeong Hwan နှင့်အဖွဲ့သည် ဇွန်လ ၁ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လာရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ထို့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား ထိုင်းနိုင်ငံ Kasikorn Bank Pcl. ၏ Senior Executive Vice President, Mr. Somkiat Sirichatchai နှင့်အဖွဲ့သည် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းတွင်ပင် လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၌ Kasikorn Bank ၏ ကိုယ်စားလှယ်ရုံးခွဲဖွင့်လှစ်ရန်နှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ ဌာနကြီးမှူးများ တက်ရောက်ခဲ့ကြသည်။