မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းနှင့် ထိုင်းနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ Dr. Prasarn Trairatvorakul တို့သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝန်ထမ်းများ၏ ဗဟိုဘဏ်လုပ်ငန်းစွမ်းဆောင်ရည် တိုးမြှင့်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ်တို့အကြား နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား ယနေ့ လက်မှတ်ရေးထိုးခဲ့ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှာ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေးနှင့် ငွေရေးကြေးရေး အခြေခံအဆောက်အအုံ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူဖြစ်စေမည်သာမက အာဆီယံစီးပွားရေးပေါင်းစည်း ရေးလုပ်ငန်းစဉ်အတွက်ပါ အထောက်အကူပြုမည် ဖြစ်ပါသည်။
ဤသဘောတူညီချက်အရ ထိုင်းနိုင်ငံဗဟိုဘဏ်သည် ၎င်း၏ပြည်တွင်းအရင်းအမြစ်များဖြင့်လည်းကောင်း၊ ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာအခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့်လည်းကောင်း၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ စွမ်းဆောင်ရည်တည်ဆောက်မှုအတွက် နည်းပညာအကူအညီများ ပေးသွားမည် ဖြစ်ပါသည်။ နည်းပညာအကူအညီပေးမှုများကို မူဝါဒဆိုင်ရာ ဆွေးနွေးမှုများ၊ အတွေ့အကြုံမျှဝေမှုများ၊ အကြံပေးတိုင်ပင်မှု၊ လေ့ လာရေးခရီးများသွားရောက်မှု၊ သင်တန်းအစီအစဉ်များ ကျင်းပပေးမှုနှင့် ပညာသင်ဆုပေးမှုစသည့် ပုံစံများဖြင့် ပံ့ပိုးပေး မည်ဖြစ်ပါသည်။ အထူးသဖြင့် ၎င်းကျွမ်းကျင်မှုအကူအညီပေးမည့် နယ်ပယ်များတွင် ဗဟိုဘဏ်လုပ်ငန်း၊ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေး၊ စာရင်းရှင်းလင်းပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်ငွေစက္ကူများစီမံခန့်ခွဲ ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့ ပါဝင်ပါသည်။ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးပြီး နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ထိုင်းနိုင်ငံဗဟိုဘဏ်တို့သည် လုပ်ငန်းအစီအစဉ်များ၊ လုပ်ငန်းဆောင်ရွက်မှု အစီအစဉ်များအား သင့်လျော်သကဲ့သို့ အသေးစိတ်ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
၂ဝ၁၂ ခုနှစ်၊ ဇွန်လ (၁၉)ရက်