The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်သမားများအားငွေကြေးထောက်ပံ့ခြင်း တိုက်ဖျက်ရေးနှင့်ပတ်သက်၍ စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်း

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအစီအစဉ်အား အကောင်အထည် ဖော်ရာ၌ ငွေရေးကြေးရေးစနစ်အား ငွေကြေးခဝါချမှုနှင့်ဆက်စပ်သည့် ပြစ်မှုဆိုင်ရာကျူးလွန်မှုများအတွက် အသုံးပြုခြင်း မရှိစေရန်အတွက် ကာကွယ်တိုက်ဖျက်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် ၂၀၀၂ ခုနှစ်တွင် ပြဌာန်းခဲ့သည့် တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများထိန်းချုပ်ရေးဥပဒေကို ထိရောက်စွာလိုက်နာကျင့်သုံးရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် AML/CFT ဆိုင်ရာလမ်းညွှန်ချက်များနှင့်ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပါသည်။ ယင်း AML/CFT ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများတွင် ဖောက်သည်၏ သတင်းအချက်အလက်များအား ဝီရိယပြုရယူစိစစ်ခြင်း၊ သတင်းအချက်အလက်အား မှတ်တမ်းတင်ထိန်းသိမ်းထားရှိခြင်း၊ သတ်မှတ်ထားသော ပမာဏထက် မကျော်လွန်သော်လည်း သံသယဖြစ်ဖွယ်ရှိသောငွေကြေးလွဲှပြောင်းမှုများ(STR) နှင့် သတ်မှတ်ထားသော ပမာဏထက် ကျော်လွန်သော ငွေကြေးလွဲှပြောင်းမှုများ(CTR) အား သတင်းပေးပို့ရန် သတ်မှတ်ချက်တို့ပါဝင်ပါသည်။ ထုတ်ပြန်ခဲ့ပြီးသော AML/CFT ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်-

ညွှန်ကြားချက်အမှတ် ရက်စွဲ ညွှန်ကြားချက်များ
၁/ ၂၀၀၄ ၁၇-၁-၂၀၀၄ အောက်ဖော်ပြပါ ငွေကြေးသွင်းခြင်း၊ ထုတ်ခြင်း၊ လွဲှပြောင်းခြင်းများကို ဗဟို ထိန်းချုပ်ရေးအဖွဲ့သို့ လျှို့ဝှက်အဆင့်ဖြင့်သတင်းပို့၍ ဗဟိုဘဏ်သို့ မိတ္တူ ပေးရန် -
(က) ငွေကြေးတန်ဖိုး ကျပ်သန်းပေါင်း (၁၀၀)နှင့်အထက်ရှိခြင်း၊
(ခ) ငွေကြေးတန်ဖိုးကျပ်သန်းပေါင်း(၁၀၀) နှင့်အထက်ကျော်လွန်ခြင်းမရှိ သော်လည်း သာမန်ထက်ပိုမိုထူးခြားခြင်း သို့မဟုတ် သံသယ ဖြစ်ဖွယ်ရှိခြင်း။
၂/ ၂၀၀၄ ၁၇-၁-၂၀၀၄ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများထိန်းချုပ် ရေးဥပဒေနှင့် နည်းဥပဒေပြဌာန်းချက်ပါ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့ အစည်းများ၏ လုပ်ငန်းတာဝန်များအား တိကျစွာလိုက်နာရန်ညွှန်ကြားခြင်း။ FATF ၏ နိုင်ငံများမှလိုက်နာရန်ထုတ်ပြန်ထားသော အကြံပြုချက်(၄၀)ကို ပူးတွဲပေးပို့ခြင်း။
အမှာစာထွေ၂၂/၂၀၀၄ ၃၀-၁-၂၀၀၄ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ သတင်းအချက်အလက် အပြည့် အစုံအားသိရှိရန် ဝါယမစိုက်ထုတ်ခြင်းနှင့် စိစစ်မှတ်တမ်းတင်ထားရန်ကိစ္စ၊
(က) မိမိဘဏ်တွင် ငွေစာရင်းလာရောက်ဖွင့်လှစ်သောအခါ ယင်းဖောက် သည်အသစ်အတွက် မိမိဘဏ်တွင် စာရင်းဖွင့်လှစ်ထားပြီးသူ(၂)ဦး၏ မိတ်ဆက်ထောက်ခံမှုဖြင့်သာ စာရင်းဖွင့်လှစ်ပေးရန်၊
(ခ) ပြည်တွင်း/ပြည်ပငွေလွှဲခြင်းများ (ကြေးနန်း သို့မဟုတ် တောင်းခံလျှင် ထုတ်ပေးရမည့် ငွေလွဲှလက်မှတ်)တို့ဖြင့် ဝန်ဆောင်မှုပေးရာတွင် ငွေလွဲှပို့သူနှင့် ငွေလွဲှလက်ခံမည့်သူတို့၏ အမည်၊ မှတ်ပုံတင်နံပါတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်အမှတ်၊ နေရပ်လိပ်စာအပြည့်အစုံနှင့် ငွေလွဲှရသည့် အကြောင်းရင်းတို့ကို ပြည့်စုံစွာရယူမှတ်တမ်းတင် ထားရန်၊
(ဂ) ဗဟိုထိန်းချုပ်ရေးအဖွဲ့၏ သီးခြားသတ်မှတ်ထားသည့် STR ပုံစံဖြင့် သတင်းပေးပို့ရာတွင် ယင်းပုံစံ၏အောက်တွင် သံသယဖြစ်ရသည့် အကြောင်းရင်းအပြည့်အစုံမှတ်ချက်များကို မပျက်မကွက်ဖော်ပြရန်။
၃/၂၀၀၄ ၁၉-၂-၂၀၀၄ ဘဏ်ခွဲအသီးသီးတွင် အကြမ်းဖက်အဖွဲ့အစည်းများ/ ပုဂ္ဂိုလ်များနှင့်ဆက်စပ် နေသည့် ငွေကြေးအရင်းအမြစ်များတွေ့ရှိပါက ညွှန်ကြားချက်၂/၂၀၀၂ အရ ၎င်းငွေစာရင်းကိုထိန်းချုပ်ထားရန်၊ ငွေကြေးလွဲှပြောင်းမှုများပိတ်ပင်တားဆီး ရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အမြန်ဆုံးအသိပေးတင်ပြရန်နှင့် FATF ၏ အထူးအကြံပြုချက်(၈)ချက်ကို လိုက်နာနိုင်ရန် ပူးတွဲပေးပို့ခြင်း။
၄/၂၀၀၄ ၂၇-၄-၂၀၀၄ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများသည် ဗဟိုထိန်းချုပ်ရေးအဖွဲ့က သတ်မှတ်ထားသည့် ငွေကြေးပမာဏထက်ကျော်လွန်သော သို့မဟုတ် သံသယဖြစ်ဖွယ်ရှိသောငွေကြေးသွင်းခြင်း၊ ထုတ်ခြင်း၊ လွဲှပြောင်းခြင်းများ အတွက် သတင်းပို့ရန်တာဝန်များကို တိကျစွာဆောင်ရွက်နိုင်ရန် ဘဏ်/ ဘဏ်ခွဲများတွင် အရာထမ်း(၁)ဦးအား Compliance အရာရှိအဖြစ် သတ်မှတ်တာဝန်ပေးထားရန်နှင့် ယင်း Compliance အရာရှိများစာရင်းကို မိမိဘဏ်ရုံးချုပ်များတွင် စာရင်း ပြုစုမှတ်တမ်းတင်ထားရန်။
၂/၂၀၀၅ ၈-၈-၂၀၀၅ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများထိန်းချုပ်ရေး ဥပဒေ၊ နည်းဥပဒေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် ညွှန်ကြားချက်များ၊ အမှာစာများအတိုင်း ဘဏ်များအနေဖြင့်လိုက်နာမှုကို စစ်ဆေးရန်နှင့် အစီရင်ခံစာတွင် ထည့်သွင်းရေးသားရန်။
၆/၂၀၀၆ ၇-၆-၂၀၀၆ သံသယဖြစ်ဖွယ်ရှိသော ငွေကြေးသွင်းခြင်း၊ထုတ်ခြင်း၊လွဲှပြောင်းခြင်းများကို ဖော်ထုတ်ရာတွင် တိုက်ဆိုင်စစ်ဆေးရမည့် Check-list ကို ထုတ်ပြန်ခြင်း။
၇/၂၀၀၆ ၇-၆-၂၀၀၆ ဘဏ်များအား ဝင်ရောက်စစ်ဆေးခြင်းအစီအစဉ်အရ ဘဏ်များ၏လိုက်နာမှု တွင် အားနည်းချက်များအားပြုပြင်ဆောင်ရွက်ရန် ညွှန်ကြားခြင်းနှင့် လိုက်နာရန်ပျက်ကွက်ပါက CMLL ဥပဒေ၊ နည်းဥပဒေနှင့်အညီ အရေးယူ မည်ဖြစ်ကြောင်း အသိပေးညွှန်ကြားခြင်း။
၈/၂၀၀၆ ၁၄-၇-၂၀၀၆ ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုခု၏ အစုရှယ်ယာနှင့်စပ်လျဉ်း၍ မတည်ငွေရင်းထည့်ဝင်ခြင်း သို့မဟုတ် အစုရှယ်ယာလွဲှပြောင်းရောင်းချခြင်း အတွက် သက်ဆိုင်ရာအစုရှယ်ယာဝင်၏ အမည်၊ နေရပ်လိပ်စာနှင့်တကွ ထည့်ဝင်သည့်မတည်ငွေရင်းပမာဏ သို့မဟုတ် အစုရှယ်ယာလွဲှပြောင်း ရောင်းချသည့်တန်ဖိုးငွေပမာဏကို သတ်မှတ်ပုံစံတွင်ဖြည့်စွက်၍ ညွှန်ကြား ရေးမှူး၊ ဘဏ်တွင်းစာရင်းစစ်နှင့် ဘဏ်လုပ်ငန်းများကြီးကြပ်စစ်ဆေးရေး ဌာနသို့ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ သတင်းပေးပို့ရန်ညွှန်ကြားခြင်း။
၉/၂၀၀၆ ၃၁-၁၀-၂၀၀၆ ဘဏ်များမှသတင်းပို့ရာတွင် လိုက်နာရန်အချက်များအား ထပ်မံညွှန်ကြား ခြင်း-
(က)သံသယဖြစ်ဖွယ်သတင်းပေးပို့ခြင်း ဆောင်ရွက်ရာတွင် မည်သည့် Check-list နံပါတ်အရ သတင်းပေးပို့ခြင်းကို တိကျစွာဖော်ပြရန်၊
(ခ) သံသယဖြစ်ရသည့်အကြောင်းရင်းကို တိကျစွာနှင့်ပြည့်စုံစွာဖော်ပြရန်။
၂/၂၀၀၇ ၃-၈-၂၀၀၇ မြန်မာ့ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေးကုမ္ပဏီလီမိတက် မှ STR နှင့် CTR များ သတင်းပို့ရန်ညွှန်ကြားခြင်း။
၃/၂၀၀၇ ၃-၈-၂၀၀၇ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ STR နှင့် CTR များ သတင်းပို့ရန် ညွှန်ကြားခြင်း။
၄/၂၀၀၇ ၃-၈-၂၀၀၇ မြန်မာ့အသေးစားချေးငွေလုပ်ငန်း မှ STR နှင့် CTR များ သတင်းပို့ရန် ညွှန်ကြားခြင်း။
၅/၂၀၀၇ ၄/၂၀၀၇ မြန်မာ့အာမခံလုပ်ငန်း မှ STR နှင့် CTR များ သတင်းပို့ရန်ညွှန်ကြားခြင်း။
AML/CFT အပေါ် လိုက်နာ ရန်အတွက် လမ်းညွှန်ချက် များထုတ်ပြန်ခြင်း ၁-၁-၂၀၀၈ ဘဏ်များအား ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်သမားများအားငွေကြေး ထောက်ပံ့ခြင်းအတွက် အသုံးပြုခြင်းမှတားဆီးကာကွယ်ရန်နှင့်တိုက်ဖျက်ရန် အတွက်လိုက်နာရန် လမ်းညွှန်ချက်များထုတ်ပြန်ခြင်း။
၃/၂၀၀၈ ၁၄-၃-၂၀၀၈ ဘဏ်၌ငွေစာရင်းဖွင့်လှစ်၍ ငွေကြေးသွင်းခြင်း၊ ထုတ်ခြင်း၊ လွဲှပြောင်းခြင်း ပြုလုပ်သည့် ဖောက်သည်များနှင့် စာရင်းဖွင့်ထားခြင်းမရှိဘဲ ရံဖန်ရံခါ ဘဏ်သို့လာရောက်သည့်ဖောက်သည်များ၏ ဘဏ်ဝန်ဆောင်မှုဆိုင်ရာ မှတ်တမ်းများ၊ အထောက်အထားစာရွက်စာတမ်းများအား စာရင်းပိတ်ပြီး နောက် အနည်းဆုံး(၅)နှစ် ထိန်းသိမ်းထားရန်ညွှန်ကြားခြင်း။
အမှာစာ ထွေ ၆၅/၂၀၀၈ ၁၄-၃-၂၀၀၈ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများထိန်းချုပ်ရေး ဥပဒေ၊ နည်းဥပဒေအရ လုပ်ငန်းတာဝန်ထမ်းဆောင်ရန်နှင့် သတင်းပို့ရန် ပျက်ကွက်သော ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် တာဝန်ရှိသူ များအား စီမံခန့်ခွဲရေးဆိုင်ရာနည်းလမ်းအရ အရေးယူမည်ဖြစ်ကြောင်း အမှာစာထုတ်ပြန်ခြင်း။
၁/၂၀၀၉ ၃-၆-၂၀၀၉ ဖောက်သည်များ၏ အခြားသက်သေခံအထောက်အထားများဖြစ်သည့် အိမ်ထောင်စုဇယား၊ ဝန်ထမ်းကတ်၊ ယာဉ်မောင်းလိုင်စင်များ(ရှိပါက) ရယူ ရန်နှင့် တစ်နှစ်တစ်ကြိမ်စိစစ်၍ ပြင်ဆင်မှတ်တမ်းတင်ထားရန် ညွှန်ကြား ခြင်း။
၂/၂၀၀၉ ၃-၆-၂၀၀၉ Compliance အရာရှိ၏ တာဝန်ဝတ္တရားနှင့် လုပ်ပိုင်ခွင့်များအား စည်းမျဉ်း စည်းကမ်းနှင့်အညီ သတ်မှတ်ပေးခြင်း။
၃/၂၀၀၉ ၃-၆-၂၀၀၉ အဆက်အသွယ်ဘဏ်တည်ထောင်ရာတွင် ဘဏ်များအချင်းချင်း KYC ပြုလုပ်ရန်အတွက် မေးခွန်းများပေးပို့ခြင်းနှင့်ဖြေကြားခြင်းအား အပြန်အလှန် ပြုလုပ်ရန်ညွှန်ကြားခြင်း။
၄/၂၀၀၉ ၃-၆-၂၀၀၉ ယခင်ထုတ်ပြန်ပြီးသော Check-list များအပြင် ထပ်မံဖြည့်စွက်သည့် Check-list (၁၅) ချက်အား အသုံးပြုတိုက်ဆိုင်စစ်ဆေးရန်ညွှန်ကြားခြင်း။
အမှာစာ ထွေ ၆၁/၂၀၀၉ ၃-၆-၂၀၀၉ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့်အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှု တိုက် ဖျက်ရေးတွင် ဘဏ်များလိုက်နာဆောင်ရွက်ရန် ဖောက်သည်၏ သတင်း အချက်အလက်များအား ဝီရိယပြုရယူစိစစ်ခြင်း ဆိုင်ရာစံလမ်းညွှန်ချက် ထုတ်ပြန်ခြင်း။
၃/၂၀၁၀ ၁၇-၅-၂၀၁၀ ဘဏ်အဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာအဖွဲ့ဝင်များနှင့် စီမံအုပ်ချုပ်မှု ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများခန့်အပ်ခြင်းအား အတည်ပြုပေးရန် အတွက် သင့်လျော်မှုရှိ/မရှိစိစစ်ရန်အချက်များ (Fit and Proper Criteria) ထုတ်ပြန်သတ်မှတ်ခြင်း။
၄/၂၀၁၀ ၁၉-၅-၂၀၁၀ နိုင်ငံပိုင်ဘဏ်နှင့်ပုဂ္ဂလိကဘဏ်များအားလုံးအတွက် သံသယဖြစ်ဖွယ် သတင်းပေးပို့ချက်ပုံစံဖြန့်ဝေခြင်း။
၅/၂၀၁၀ ၁၉-၅-၂၀၁၀ မြန်မာ့ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမဏီလီမိ တက်အတွက် သံသယဖြစ်ဖွယ်သတင်းပေးပို့ချက်ပုံစံဖြန့်ဝေခြင်း။
၆/၂၀၁၀ ၁၉-၅-၂၀၁၀ မြန်မာ့အာမခံလုပ်ငန်းအတွက် သံသယဖြစ်ဖွယ်သတင်းပေးပို့ချက်ပုံစံ ဖြန့်ဝေခြင်း။
၇/၂၀၁၀ ၂၀-၅-၂၀၁၀ နိုင်ငံပိုင်နှင့်ပဂ္ဂလိကဘဏ်များအားလုံးသို့ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက် မှုအား ငွေကြေးထောက်ပံ့မှုတို့ကို တားဆီးကာကွယ်ခြင်းနှင့် တိုက်ဖျက်ခြင်း ဆိုင်ရာ လမ်းညွှန်ချက်များကို ပြင်ဆင်ဖြည့်စွက်ထုတ်ပြန်ခြင်း။
၈/၂၀၁၀ ၂၀-၅-၂၀၁၀ အီလက်ထရောနစ်နည်းလမ်း(Wire Transfer)ဖြင့် ငွေလွှဲပြောင်းခြင်းဆောင် ရွက်ရာတွင် ဘဏ်များလိုက်နာရန် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုဆိုင်ရာလမ်းညွှန်ချက်(AML/CFT Guideline on Wire Transfer) ထုတ်ပြန်ခြင်း။

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 8th July 2020

Reference Exchange rate
(WA market rate)
1,366.7
Interbank Market WA rate 1,366.6
Bank-customer Market WA rate

1,366.8

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(May 2020)
8.35 %
Year on Year Inflation
(May 2020)
4.21 %

     Source : Ministry of Planning and Finance