The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

ဂျပန်နိုင်ငံအခြေစိုက် Sumitomo Mitsui Banking Corporation ၏ စီမံကိန်းချေးငွေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ( Seminar on Project Finance)

ဂျပန်နိုင်ငံ အခြေစိုက် Sumitomo Mitsui Banking Corporation ၏ စီမံကိန်းချေးငွေဆိုင်ရာ   အလုပ်ရုံ ဆွေးနွေးပွဲ(Seminar on Project Finance ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရှိ Park Royal Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော်  မှ အမှာစကားပြော ကြား သည်။

                  အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းချေးငွေ ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်း များအပေါ် ယုံကြည်မှုရှိစေရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထိန်းချုပ်ထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ် များနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာကိစ္စရပ်များအား အကျယ်တ၀င့် ဆွေးနွေးပါသည်။

                  ဆက်လက်၍ Sumitomo Mitsui Banking Corporation မှ Director and Head of Asia Pacific Division ဖြစ်သူ Mr. Masayuki Shimura မှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး စီမံကိန်းချေးငွေဆိုင်ရာအလုပ် ရုံဆွေးနွေးပွဲ ပြုလုပ် ရခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အခြားဘဏ် များပူးပေါင်း ဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံတွင် အကျိုးအမြတ်များစွာရရှိ စေမည့် ချေးငွေများနှင့်ပတ်သက်၍ နောင်တွင် ဆက်လက်လုပ်ကိုင်ရမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပါသည်။

                  ထို့နောက် Group Head, Project Finance Asia ဖြစ်သူ Mr. Mark Giblett မှ စီမံကိန်းချေးငွေအပေါ် အားသာချက်၊ အားနည်းချက်များ၊ စိန်ခေါ်မှုများနှင့် ပတ်သက်၍ အကျယ်တ၀င့် ဆွေးနွေးပါသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အခြားဘဏ် များမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှအမှုဆောင်ကော်မတီဝင်များ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့လေကြောင်း၊ မြန်မာကုမ္ပဏီများနှင့် ဂျပန်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ သင်တန်းသူ/သင်တန်းသားများ အပါအ၀င်စုစုပေါင်း ( ၁၅၀) ဦးခန့် တက်ရောက်ပြီး မွန်းလွဲပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြီးစီးကြောင်း သတင်းရရှိပါသည်။

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 17th October 2019

Reference Exchange rate
(WA market rate)
1,533.1
Interbank Market WA rate 1,533.2
Bank-customer Market WA rate 1,533.0
  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၁၀%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၈%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၃%

တစ်နှစ်လျင် ၁၆%

 

Economic Indicators (%)
GDP Growth 6.50 %
Annual Rate of Inflation 8.35 %
Year on Year Inflation 10.87 %

     Source : Ministry of Planning and Finance