မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုလျင်မြန်စွာ အထောက်အကူပြုစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏အတိုးနှုန်း (Bank Rate) ကို တစ်နှစ်လျှင် (၉.၅) ရာခိုင်နှုန်းမှ (၁.၀) ရာခိုင်နှုန်း ထပ်မံလျှော့ချ၍ (၈.၅) ရာခိုင်နှုန်းသို့ ပြောင်းလဲ ပြင်ဆင်သတ်မှတ်သည့် ညွှန်ကြားချက်ကို (၂၄.၃.၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။