အမိန့်ကြော်ငြာစာအမှတ်၊ ၇ /၂၀၂၀
၁၃၈၁ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက်
(၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၃ ရက်)
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများအား အများပြည်သူယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန်နှင့်ငွေပေးချေမှု လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၇၉နှင့် ပုဒ်မ၁၂၁ တို့အရလည်းကောင်း၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၁၃၄ (က) နှင့် ပုဒ်မ ၁၈၄ တို့အရလည်းကောင်း၊ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်များကိုကျင့်သုံး၍ အောက်ပါ အမိန့်ကို ထုတ်ပြန်လိုက်သည်-