ပြည်တွင်အခွန်များဦးစီးဌာနမှ ဝင်ငွေရလမ်းမဖော်ပြနိုင်သော ဝင်ငွေစိစစ်ခြင်းများတွင် လုပ်ထုံးလုပ်နည်း စနစ်တကျဆောင်ရွက်ရန် အားနည်းသောအရာထမ်း(၁၃)ဦးအား (၁၂-၇-၂၀၁၃)ရက်နေ့မှစ၍ ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခဲ့ပြီး အရာထမ်း(၇)ဦးအား ဝန်ကြီးဌာနအတွင်းပြောင်းရွှေ့ တာဝန်ချထားခဲ့ကြောင်းနှင့် အရာထမ်း(၁၁)ဦးကိုမူ ဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါအရာထမ်း(၃၁)ဦးတွင် ညွှန်ကြားရေးမှူး(၃)ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး(၂၁)ဦး၊ ဦးစီးအရာရှိအဆင့်(၇)ဦး ပါဝင်ကြောင်းသိရှိရပါသည်။