သတင်းထုတ်ပြန်ချက်
၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်
နိုင်ငံခြားငွေလက်မှတ်( Foreign Exchange Certificate –FEC) ပြန်လည်ရွေးနုတ်ယူခြင်း လုပ်ငန်းအစီအစဉ်အရ နိုင်ငံခြားငွေလက်မှတ်များ လာရောက်လဲလှယ်အပ်နှံသည့် ဘဏ်၊ ဘဏ်ခွဲများနှင့် ငွေလဲကောင်တာများ၏ အမည်စာရင်းများ ထုတ်ပြန်ခြင်း
၁။ နိုင်ငံတော်အစိုးရနှင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနတို့၏ လမ်းညွန်ချက်များနှင့်အညီ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားငွေလက်မှတ် (FEC)များ ပြန်လည်ရွေးနုတ်ယူရေး အစီအစဉ်အရ နိုင်ငံခြားငွေလက်မှတ်(FEC)ပိုင်ဆိုင်သူများ၊ လက်ဝယ်ရှိသူများသည် နိုင်ငံတစ်ဝန်းရှိ အောက်ဖော်ပြပါ ဘဏ်များ၊ ဘဏ်ခွဲများနှင့် ငွေလဲကောင်တာ စုစုပေါင်း (၃၈၅) နေရာတွင် နိုင်ငံခြားငွေလက်မှတ် (FEC) များကို လာရောက်လဲလှယ်အပ်နှံနိုင်ပါသည်-