The Republic of the Union of Myanmar

Central Bank of Myanmar

Criteria for Non-Bank Money Changers

ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများသို့ Money Changer Licence များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စိစစ်ခွင့်ပြုထုတ်ပေးရာတွင် ဆောင်ရွက်သော လုပ်ငန်းစဉ်များ

  • ကုမ္ပဏီများက M.C Licence လျှောက်ထားရာတွင် ပူးတွဲ(၁)ပါ အချက်အလက် အထောက်အထားများနှင့် ကိုက်ညီမှု ရှိ/မရှိကို မူရင်းစာရွက်စာတမ်း အထောက်အထားများနှင့်  တိုက်ဆိုင်စစ်ဆေးပါသည်။
  • အချက်အလက်များနှင့်ကိုက်ညီမှုရှိပါက ညွှန်ကြားရေးမှူးချုပ်ထံ ဆက်လက်တင်ပြ၍ CBM 03 Form ထုတ်ပေးပါသည်။
  • လျှောက်ထားသူ မန်နေဂျင်းဒါရိုက်တာ (သို့) ဒါရိုက်တာက CBM 03 Form တွင် အချက်အလက်များအား ဖြည့်စွက်တင်ပြလာပါက ပြည့်စုံမှု ရှိ/မရှိ စိစစ်၍ အမှုတွဲအား လက်ခံထားပါသည်။
  • လျှောက်ထားသောကုမ္ပဏီအမည်၊ MD အမည်၊ လုပ်ငန်းလိပ်စာ၊ နေရပ်လိပ်စာတို့အား ဖြည့်စွက်၍ လျှောက်ထားသူအား ပြစ်မှုကင်းရှင်းကြောင်း စိစစ်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်သို့ ပေးပို့ပါသည်။
  • အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနထံမှ ပြစ်မှုကင်းရှင်းကြောင်း စိစစ်ပြန်ကြားစာရပါက M.C Licence လျှောက်ထားသောကုမ္ပဏီအား ကောင်တာပြင်ဆင်ခွင့် အကြောင်းကြားစာ ပေးပို့ပါသည်။
  • ကုမ္ပဏီထံမှ ကောင်တာပြင်ဆင်ပြီးစီးကြောင်း အထောက်အထား ဓာတ်ပုံများနှင့် ပြန်လည်တင်ပြလာပါက ကုမ္ပဏီ၏ Money Changer ကောင်တာအား စိစစ်မှုပြုလုပ်ပေးနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သတင်းနှင့်လုံခြုံရေးဌာနသို့ အကြောင်းကြားစာပေးပို့ပါသည်။
  • သတင်းနှင့်လုံခြုံရေးဌာနထံမှ စိစစ်ချက်၊ အကြံပြုချက်များအား လိုက်နာဆောင်ရွက်ပြီးပါက M.C Licence ကနဦးကြေး ကျပ် ၁,၀၀၀,၀၀၀/- အား Pay-in-slip တွင်ဖြည့်စွက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှုဌာနသို့ သွားရောက်ပေးသွင်းခြင်းဖြစ်စေ၊ ဘဏ်များမှတဆင့် စာရင်းပြောင်းနည်း(Account Transfer) ဖြင့်ဖြစ်စေ ပေးသွင်းပြီးပါက M.C Licence ကတ်ပြား ထုတ်ပေးပါသည်။

 

ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများက Money Changer လိုင်စင်လျှောက်ထားရာတွင် ပူးတွဲ တင်ပြရမည့် အထောက်အထားများ

  • ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လိပ်မူ၍ ကုမ္ပဏီ၏ Letter Head ဖြင့် ကိုယ်တိုင်ရေးလျှောက်လွှာ
  • လျှောက်ထားသူ၏ မှတ်ပုံတင်လက်မှတ် မူရင်းနှင့် မိတ္တူ
  • လျှောက်ထားသူသည် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်မူရင်း
  • Money Changer အတွက် တည်ထောင်ထားသော ကုမ္ပဏီနှင့်စပ်လျဉ်း၍ MyCo တွင် Online ဖြင့် မှတ်ပုံတင်ထားသည့် Company Extract နှင့် ကုမ္ပဏီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း
  • Company Extract တွင် ပါဝင်သော ဒါရိုက်တာအဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးအကျဉ်း၊ ဓာတ်ပုံ နှင့် မှတ်ပုံတင်မိတ္တူ
  • AD လိုင်စင်ရ ဘဏ်တစ်ခုခုတွင် ကုမ္ပဏီအမည်ဖြင့် ကနဦးမတည်ရင်းနှီးငွေ အနည်းဆုံး ကျပ် ၃၀ သန်း ထည့်ဝင်ထားသည့် Bank Statement မူရင်း
  • AD လိုင်စင်ရဘဏ်တစ်ခုခုတွင် ကုမ္ပဏီအမည်ဖြင့် နိုင်ငံခြားငွေစာရင်းဖွင့်ထားသည့် ဘဏ်စာအုပ် မူရင်းနှင့် မိတ္တူ
  • နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတို့ကို သိရှိနားလည် ၍ ယင်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုစာ၊
  • လုပ်ငန်းစီမံချက်
  • Money Changer လိုင်စင်လျှောက်ထားလိုခြင်းအတွက် ဒါရိုက်တာအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်မူရင်း
  • လျှောက်ထားသူကိုယ်တိုင် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာ၊ ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူ

Weighted-average (WA) Market Exchange Rate

MMK per USD - Date 28th September 2020

Reference Exchange rate
(WA market rate)
1,308.4
Interbank Market WA rate 1,308.3
Bank-customer Market WA rate

1,308.5

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

Interest Rate(%)
Central Bank Rate 7%pa
Minimum Bank Deposit Rate 5%pa

Maximum Bank Lending Rate (Secured)

Maximum Bank Lending Rate (Unsecured)

10%pa

 

14.5%pa

Economic Indicators (%)
GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(June 2020)
7.91 %
Year on Year Inflation
(June 2020)
4.16 %

     Source : Ministry of Planning and Finance