The Republic of the Union of Myanmar

Central Bank of Myanmar

(၁၈-၁၁-၂၀၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ နည်းပညာအကူအညီ ပူးပေါင်းဆောင်ရွက်ရေးဒုတိယအကြိမ်ညီလာခံဆွေးနွေးဆုံးဖြတ်ချက်များ

သတင်းထုတ်ပြန်ချက်

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့ဖြင့် ပူးပေါင်း၍ ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ နည်းပညာအကူအညီပူးပေါင်းဆောင်ရွက်ရေးု ဒုတိယအကြိမ်ညီလာခံကို (၁၈-၁၁-၂၀၁၄) ရက်နေ့၊ နံနက် ( ၉ း ၀၀) နာရီတွင် နေပြည်တော်  ဂရင်းအမရာဟိုတယ်၌   ကျင်းပခဲ့ပါသည်။ ညီလာခံအား မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦး က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားဖွင့်လှစ်ပြီး အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ မှ ဒုတိယညွှန်ကြားရေးမှူး မစ္စတာခရစ်စတိုဖာတိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ညီလာခံ၌ မြန်မာနိုင်ငံ၏ ငွေရေး ကြေးရေးကဏ္ဍဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွင် နည်းပညာအကူအညီပေးရေးဆိုင်ရာ ကူညီပံ့ပိုးမှုများပေးလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သည့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်၊  ဒိုင်ဝါသုတေသနအဖွဲ့ ၊ အာရှဖွွံှ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးကော်ပိုရေးရှင်းအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၊ ဂျာမန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုဗဟိုဌာန၊ သြစတြီးလျအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအေဂျင်စီ ၊ အသက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေအဖွဲ့၊ CGAP ၊ ဂျပန်နိုင်ငံငွေရေးကြေးရေးဆောင်ရွက်မှုအေဂျင်စီ၊ ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး ၊ စင်ကာပူ ၊ ထိုင်းနှင့် မလေးရှားဗဟိုဘဏ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ငွေတိုက်ဦးစီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနနှင့် ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာတို့မှ တာဝန်ရှိသူ (၇၅)ဦးတက်ရောက်ခဲ့ပါသည်။

ညီလာခံတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဒေါ်ခင်စောဦးနှင့်  အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး မစ္စတာခရစ်စတိုဖာတိုးမှ ပူးတွဲသဘာပတိများအဖြစ်ဆောင်ရွက်ကြပြီး ဆပ်ကော်မတီ(၈)ခုမှ သဘာပတိများမှ မိမိတို့ကူညီပံ့ပိုးသည့် ဧရိယာအလိုက်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ ၊ တိုးတက်မှုများအား ဆွေးနွေးတင်ပြခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ နည်းပညာအကူအညီပေးရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ( Steering Committee) နှင့်ဆပ်ကော်မတီ(၈)ခုတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်း များအား အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းရန်ဖြစ်ပြီး ၊ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် နည်းပညာအကူအညီ ပေးရေးဆိုင်ရာကူညီပံ့ပိုးမှုများ ပေးလျက်ရှိသည့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းအားလုံး အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်နိုင်မည့်အတွက် ပုံမှန်အစည်းအဝေးများ ဆောင်ရွက်သွားရန်လိုအပ်ကြောင်း အစည်းအဝေးတက်ရောက်သူများမှ ဆွေးနွေးခဲ့ကြပါသည်။

         ညီလာခံတက်ရောက်လာသည့် အဖွဲ့အစည်းများမှ အောက်ပါတို့ကို သဘောတူဆုံးဖြတ်ခဲ့ပါသည်-

(က)   ငွေရေးကြေးရေးကဏ္ဍ နည်းပညာအကူအညီပေးရေးပူးပေါင်းဆောင်ရွက်မှုညီလာခံအား (၆)လတစ်ကြိမ် ကျင်းပသွား ရန်၊

(ခ)     မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ နည်းပညာအကူအညီပေးပူးပေါင်းဆောင်ရွက်မှုကော်မတီ  ( Steering Committee) တွင် ဆပ်ကော်မတီ(၈)ခုမှ သဘာပတိများအား အဖွဲ့ဝင်အဖြစ်ထည့်သွင်းဖွဲ့စည်းရန် ၊

(ဂ)     မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ နည်းပညာအကူအညီပေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ  ( Steering Committee)နှင့် ဆပ်ကော်မတီ(၈)ခုတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အခြားဆက်စပ်ဝန်ကြီးဌာနများမှ အရာထမ်း များအား အဖွဲ့ဝင်အဖြစ်ထည့်သွင်းဖွဲ့စည်းရန် ၊

(ဃ)   မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ နည်းပညာအကူအညီပေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆပ်ကော်မတီ (၈)ခုတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အခြားဆက်စပ်ဝန်ကြီးဌာနများ၏  Long-term  နှင့် Regionally- Resident Advisor များအား အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းရန် ၊

(င)     မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ နည်းပညာအကူအညီပေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ  ( Steering Committee) တွင် ဆပ်ကော်မတီ(၈)ခုတွင် အဖွဲ့ဝင်အရေအတွက် အကန့်အသတ်မထားဘဲ အဖွဲ့ဝင်အဖြစ် ဆန္ဒရှိပါက ပါဝင်ဆောင်ရွက်ခွင့်ရှိစေရန်နှင့် ပုဂ္ဂလိက ကဏ္ဍပါဝင်ဆောင်ရွက်နိုင်ရေးအတွက် စဉ်းစားဆောင်ရွက်ရန် ၊

(စ)     ဆပ်ကော်မတီ(၈)ခု၏ သဘာပတိများအနေဖြင့် အဖွဲ့ဝင်များနှင့် ညှိနှိှုင်းဆွေးနွေးခြင်း ၊ သတင်းအချက်အလက်ဖလှယ် ရယူခြင်းနှင့်(၆)လတစ်ကြိမ်ကျင်းပပြုလုပ်မည့် ငွေရေးကြေးရေးကဏ္ဍ နည်းပညာအကူအညီပေးရေးပူးပေါင်းဆောင်ရွက် မှု ညီလာခံတွင်အဖွဲ့၏ Progress Report အား အစီရင်ခံတင်ပြခြင်းများဆောင်ရွက်ရန် ၊

(ဆ)   ညီလာခံတက်ရောက်လာသော အဖွဲ့ဝင်များ၏ ဆွေးနွေးဆုံးဖြတ်ချက်အရ ညီလာခံသတင်းထုတ်ပြန်ချက်အား IMF Website နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website တို့ ၌ ဖော်ပြရန် အတည်ပြုဆုံးဖြတ်ခဲ့ပါသည်။

 

ညီလာခံအား ညနေ (၄ း ၃၀ )တွင် ရုတ်သိမ်းခဲ့ပါသည်။

Weighted-average (WA) Market Exchange Rate

MMK per USD - Date 28th September 2020

Reference Exchange rate
(WA market rate)
1,308.4
Interbank Market WA rate 1,308.3
Bank-customer Market WA rate

1,308.5

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

Interest Rate(%)
Central Bank Rate 7%pa
Minimum Bank Deposit Rate 5%pa

Maximum Bank Lending Rate (Secured)

Maximum Bank Lending Rate (Unsecured)

10%pa

 

14.5%pa

Economic Indicators (%)
GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(June 2020)
7.91 %
Year on Year Inflation
(June 2020)
4.16 %

     Source : Ministry of Planning and Finance