၁။ မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားဧည့်သည်များအနေဖြင့် နိုင်ငံခြားငွေများ လွတ်လပ်စွာ လဲလှယ်ရောင်း ဝယ်နိုင်စေရန်အတွက် နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာ (Money Changer Counter)များကို (၁-၁ဝ-၂ဝ၁၁)ရက် နေ့မှ စတင်၍ မြန်မာနိုင်ငံအတွင်း အောက်ဖော်ပြပါနေရာများတွင် ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်-
စဉ် |
မြို့ |
နေရာ |
အရေအတွက် |
(က) |
နေပြည်တော် |
စည်ပင်ဘဏ်ရုံးချုပ်၊ အင်းဝဘဏ်(ပျဉ်းမနား) |
၂ ခု |
(ခ) |
ရန်ကုန် |
လေဆိပ် |
၂ ခု |
|
။ |
သိမ်ဖြူလမ်း |
၇ ခု |
|
။ |
ဗိုလ်ချုပ်အောင်ဆန်းဈေး |
၅ ခု |
|
။ |
လသာလမ်း |
၂ ခု |
|
။ |
ဘဏ်ရုံးချုပ်များ (အင်းဝ၊ သမ၊ ထွန်းဖောင်ဒေးရှင်း၊ မြန်မာ့အရှေ့တိုင်း၊ အာရှရန်ကုန်၊ ပထမပုဂ္ဂလိကဘဏ်) |
၆ ခု |
|
။ |
ဘဏ်ခွဲများ ရိုးမဘဏ်ခွဲ (FMI)၊ ကမေ ္ဘာဇဘဏ်ခွဲ (ဘဏ်လမ်း)၊ သမဘဏ်ခွဲ (မင်္ဂလာဈေး၊ ဘုရင့်နောင်၊ ဝိဇယ)၊ အာရှရန်ကုန် (မရမ်းကုန်း)၊ မြဝတီဘဏ်ခွဲ (ဆူးလေ)၊ စက်မှုဘဏ်ခွဲ၊ မြန်မာနိုင်ငံသားများဘဏ်ခွဲ၊ ဧရာဝတီဘဏ်ခွဲ(၂)၊ စည်ပင်ဘဏ်ခွဲ၊ မွေး/ရေဘဏ်ခွဲ |
၁၂ ခု |
|
။ |
ဟိုတယ်များ Espace Avenir Hotel၊ Central Hotel |
၂ ခု |
|
။ |
Shopping Malls Myanmar Shopping Mall၊ Junction Square |
၂ ခု |
(ဂ) |
မန္တလေး |
လေဆိပ် |
၂ ခု |
|
။ |
ဘဏ်ခွဲများ ကမေ ္ဘာဇဘဏ်ခွဲ၊ သမဘဏ်ခွဲ (၁၊၂၊၃)၊ မြဝတီဘဏ်ခွဲ၊ စက်မှုဘဏ်ခွဲ၊ ဧရာဝတီဘဏ်ခွဲ၊ ယူနိုက်တက်အမရဘဏ်ခွဲ၊ မြန်မာ့အရှေ့တိုင်း၊ အင်းဝဘဏ်ခွဲ၊ ပထမပုဂ္ဂလိကဘဏ်ခွဲ |
၁၁ ခု |
(ဃ) |
တောင်ကြီး |
ကမေ ္ဘာဇဘဏ်ခွဲ၊ ပထမပုဂ္ဂလိကဘဏ်ခွဲ၊ သမဘဏ်ခွဲ |
၃ ခု |
(င) |
ညောင်ရွှေ |
ကမေ ္ဘာဇဘဏ်ခွဲ၊ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲ |
၂ ခု |
(စ) |
ဟဲဟိုး |
လေဆိပ် |
၁ ခု |
(ဆ) |
စစ်တွေ |
ကမေ ္ဘာဇဘဏ်ခွဲ |
၁ ခု |
(ဇ) |
ညောင်ဦး |
ညောင်ဦးလေဆိပ် |
၁ ခု |
(ဈ) |
မူဆယ် |
မြန်မာနိုင်ငံသားများဘဏ်ခွဲ |
၁ ခု |
|
|
စုစုပေါင်း |
၆၂ ခု |
၂။ သို့ဖြစ်ပါ၍ နိုင်ငံခြားငွေများ လဲလှယ်ရောင်းဝယ်ရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် Money Changer Counter များအား ဆက်လက်တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ရာ နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်လိုသူများအနေဖြင့် သတ်မှတ်နေရာများတွင်သာ လဲလှယ်ရောင်းဝယ်မှု ပြုလုပ်ကြပါရန်နှင့် တရားမဝင်ရောင်းဝယ်သူများအား တည်ဆဲ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်