The Republic of the Union of Myanmar

Central Bank of Myanmar

မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်မန်နေဂျာများ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ

(၂၀၁၀.၂၀၁၁)ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ လုံခြုံရေးဌာန ညွှန်ကြားရေးမှူးပြောကြားမည့်မိန့်ခွန်း

၁။ လေးစားအပ်တဲ့ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ ဌာနအကြီးအကဲများ၊ ဧည့်သည်တော်များနှင့် ပြည်နယ်/ တိုင်းအသီးသီးမှ ဘဏ်မန်နေဂျာများအားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ယနေ့ ကျင်းပတဲ့ မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်မန်နေဂျာများရဲ့ နှစ်ချုပ်စာရင်းပိတ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ယခုလိုတွေ့ဆုံတင်ပြ ခွင့်ရတဲ့အတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ပဏာမပြောကြားလိုပါတယ်။

၂။ နိုင်ငံတော်စည်းပွားရေးဦးတည်ချက်(၄)ရပ်၏ ဒုတိယအချက်ဖြစ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်‌ပေါ်လာရန် ငွေကြေးလုပ်ငန်းများကို စီမံခန့်ခွဲနေတဲ့ ဘဏ်လုပ်ငန်းဟာ အဓိကအရေးပါတဲ့ မဏ္ဍိုင်တစ်ခုဖြစ်ကြောင်းကို မန်နေဂျာကြီးများ အသိဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းဟာ ဝန်ဆောင်မှုလုပ်ငန်းတစ်ရပ်ဖြစ်လို့ အများပြည်သူ ယုံကြည်ကိုးစားမှုရရှိရန်အတွက် ဘဏ်ဝန်ထမ်းများအနေနဲ့ လုပ်ငန်းကျွမ်းကျင်မှု၊ အကျင့်စာရိတ္တကောင်းမွန်မှု၊ လုပ်ငန်းများ အဆင်ပြေချောမော အောင်မြင်မှုရှိစေရန် ငွေကြေးကိစ္စမှန်သမျှ ဘဏ်ကိုသာအားကိုးကြစေရန် အကောင်အထည်ဖော်ဆောင်ရွက် နေမှုကို အရှိန် အဟုန်ဖြင့် ဆက်လက်ဦးတည်ဆောင်ရွက် ပေးဖို့လိုပါတယ်။ မြန်မာ့စီးပွားရေးဘဏ်အကြီးအကဲ၏ လမ်းညွှန်မှုအရ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရန်အတွက် ရာထူးအဆင့်ဆင့်တိုင်းအား လုပ်ငန်းပိုင်းဆိုင်ရာ သင်တန်းအသီးသီးကို စဉ်ဆက်မပြတ် ပို့ချ ပေးနေကြောင်းလည်း သိရှိရပါတယ်။ (၂၀၀၈.၂၀၀၉)ဘဏ္ဍာနှစ်မှ စ၍ တစ်လလျှင် (၂)ကြိမ် အလုပ်ရုံဆွေးနွေးပွဲအား တိုင်းမန်နေဂျာ၊ ပြည်နယ်မန်နေဂျာများ၊ ခရိုင်မန်နေဂျာများ၊ မြို့နယ်မန်နေဂျာများမှ ထပ်ဆင့်အားသွန်ခွန်စိုက်မှုများဖြင့် ပြုလုပ်ဆောင်ရွက်ပေးနေခြင်းများရှိနေသည့် သတင်းကိုလည်း ကြားသိရပါတယ်။ ငွေကြေးတည်ငြိမ်မှုနှင့် ဘဏ်လုပ်ငန်း များသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်ပြီး ဘဏ်လုပ်ငန်းများ အရှိန်အဟုန်နှင့် ဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ ဘဏ်လုပ်ငန်းဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်နှင့်အညီ ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာမှာလည်း လုပ်ငန်းအောင်မြင်ရေးနှင့် လုံခြုံရေးကို ဟန်ချက်ညီညီ ကျင့်သုံးရန်နှင့် အဆင့်ဆင့်လုံခြုံရေးတို့အတွက် ဘဏ်ဝန်ထမ်းတိုင်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိ အစဉ်ရှိနေကြရန် သတိပေး ပြောကြားလိုပါတယ်။

၃။ ဝန်ထမ်းရေးရာကိစ္စရပ်များအနေနဲ့ အထက်နှင့်အောက် သင့်တင့်ညီညွတ်စွာနှင့် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြပါလို့ ပြောကြားလိုပါတယ်။ လုပ်ငန်းဆောင်ရွက်ချက်များရဲ့ ပျော့ကွက် ဟာကွက်အပေါ် လုပ်ငန်းကျွမ်းကျင်မှုများ ပူးပေါင်းပြီး ငွေစုဘဏ်လုပ်ငန်းများတွင်လည်းကောင်း၊ ပင်စင်လုပ်ငန်းများတွင် လည်းကောင်း၊ ငွေကြေးလုပ်ငန်းများတွင် လည်းကောင်း အလွဲသုံးစားပြုလုပ်သွားခဲ့တဲ့ ဖြစ်ရပ်တွေလည်း ယခင်ကရှိခဲ့ဘူးတယ်ဆိုတာ မန်နေဂျာကြီးများ ကြားသိပြီးဖြစ်ပါတယ်။ ထို့အပြင်ဘဏ်ဝန်ထမ်းအချို့ ပြင်ပပုဂ္ဂိုလ်များနှင့် ငွေကြေးအရှုပ်အရှင်းဖြစ်ပြီး တရားရုံးမှာ အမှုရင်ဆိုင် ရတာတွေ့ရှိခဲ့ကြောင်း ကြားသိရပါတယ်။ ဘဏ်ဝန်ထမ်းများ၏ ပေါ့လျော့မှု မသမာမှုတွေကြောင့် ဘဏ်များအပေါ် ယုံကြည် အားကိုးမှု လျော့နည်းလာစေနိုင်တာကို မန်နေဂျာကြီးများ သတိမူရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မန်နေဂျာကြီးများမှ မိမိလက် အောက်ရှိဝန်ထမ်းများရဲ့ လှုပ်ရှားမှုကို အစဉ်သတိထား ကြည့်ရှု့စေလိုပါတယ်။

၄။ စာရင်းပိုင်းဆိုင်ရာကိစ္စတွေမှာလည်း နေ့စဉ်စာရင်းကိုက်ညှိမှုနှင့် ရှင်းတမ်းများ အချိန်မီရေးဆွဲ ပေးပို့နိုင်မှုများ တိုးတက်လျက် ရှိကြောင်း စာရင်းဟောင်းများရှင်းလင်းမှုမှာလည်း စာရင်းဟောင်းကြွေးးကျန်များ လျော့နည်းကျဆင်းလာပြီး ဘဏ်ခွဲအများစုမှာ စာရင်း‌ဟောင်းများရှင်းလင်းရန် မရှိသလောက် ဖြစ်ပေါ်နေကြောင်း သိရှိရပါသဖြင့် အရှိန်မလျော့ဘဲ ဆက်လက်ဆောင်ရွက် သွားပါလို့ ပြောကြားလိုပါတယ်။ မြန်မာ့စီးပွားရေးဘဏ်၊ စာရင်းစစ်အဖွဲ့များမှလည်း ပုံမှန်စစ်ဆေးမှုများရှိနေသလို လုံခြုံရေးဌာန အနေဖြင့်လည်း ဗဟိုဘဏ် ဥက္ကဌကြီး၏ လမ်းညွှန်မှုနဲ့ လုံခြုံမှုလေ့လာ၊ စစ်ဆေးခြင်းများ ကို(၂၀၁၀-၂၀၁၁)ဘဏ္ဍာနှစ်အတွင်း ဘဏ်ခွဲ/ ဘဏ်ငွေတိုက်ခွဲ(၁၅)ခု၊ ခရိုင်ဘဏ်ခွဲ (၂)ခု တို့ကို စစ်ဆေးနိုင်ခဲ့ ပါတယ်။

၅။ ဘဏ်ချေးငွေပိုင်းအနေဖြင့် ထုတ်ချေးထားသောချေးငွေများအား ယမန်နှစ်များမှ စတင်ကာ ချေးငွေပြန်လည်ရရှိရေး လုပ်ငန်းများကို ဘဏ်ခွဲတာဝန်ရှိသူများမှ ကြိုးပမ်းလုပ်ဆောင်လျှက်ရှိသဖြင့် ဘဏ်ခွဲအများစုတို့မှာ NPL ဦးရေကျဆင်း လာကြောင်း သိရှိရပါတယ်။ ပုံမှန်ပေးဆပ်နိုင်သည့်ချေးငွေလုပ်ငန်းများအား ပြန်လည်ထုတ်ချေးခြင်း ရှိသလို ချေးငွေအသစ်များ ကိုလည်း သေချာစွာစီစစ်ပြီးမှ ထုတ်ချေးနေသည်ကို သိရှိရပါတယ်။ ချေငွေအတွက် အပေါင်တင်သွင်းထားတဲ့ အာမခံပစ္စည်းများရဲ့ မီး အာမခံ ထပ်မံပြုလုပ်ရမည့် နေ့ရက်များကိုလည်း ဒိုင်ယာယီစနစ်ဖြင့် မှတ်တမ်းတင်ထားပြီး လုပ်ဆောင် နေခြင်းကိုလည်း သတိမလွတ်ဘဲ ဆက်လက်ဆောင်ရွက်သွားသင့် ပါတယ်။ ဒါမှသာ ဘဏ်အတွက် ဆုံးရှုံးမှု မရှိမှာဖြစ်ပါတယ်။

၆။ ငွေကြေးပိုင်းဆိုင်ရာကိစ္စနှင့် ပတ်သက်လို့ ငွေကြေးလုပ်ထုံးလုပ်နည်း၊ညွှန်ကြားလွှာနှင့် ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် ကြပ်မတ်ညွှန်ကြားထားပါလို့ အထူးအလေးထားပန်ကြားလိုပါတယ်။ ဘဏ်ခွဲတော်တော်များများတွင် ငွေစက္ကူထုပ်များအား ခါးပတ်၊ ဒေါင်ပတ်ပတ်ပြီး တာဝန်ရှိသူအဆင့်ဆင့် Seal တံဆိပ်၊ လက်မှတ်၊ နေ့စွဲတို့ကို ညွှန်ကြားချက်များ နှင့်အညီ လုပ်ဆောင်ကြရန်၊ ငွေကြေးသေတ္တာမှ ငွေထုတ်ယူသည်နှင့် ဘဏ္ဍာခန်းစာအုပ်တွင် တခါတည်းစာရင်းရေးသွင်းကြရန်၊ ရဲစခန်းများတွင်ထားရှိပါက တာဝန်ကျရဲအား သော့ဆွဲစစ်ဆေးစေမှုစနစ် ကျင့်သုံး စစ်ဆေးမှုပြုလုပ်စေရန်အတွက် ကြပ်မတ် ပေးစေလိုပါတယ်။ ငွေကြေးသေတ္တာလက်ကျန် ငွေအခြေပြဇယား၊ Bin Card များသုံးစွဲမှု လျော့နည်းလာခြင်းကိုလည်း တွေ့ရှိရပါတယ်။ ဘဏ်ခွဲမန်နေဂျာကြီးများအနေဖြင့် ငွေကြေးညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို တိကျစွာလိုက်နာ ကြစေရေးအတွက် လမ်းညွှန်ပေးကြရန် ပြောကြားလိုပါတယ်။ ကိုယ်တိုင်လည်း မျက်ခြေမပြတ်ကြီးကြပ်ပါလို့ မှာကြားလိုပါတယ်။ ဘဏ္ဍာခန်း ဖွင့်လှစ်ရာတွင်လည်း သော့တွဲများကို ကိုယ်တိုင်ဖွင့်စနစ်ကိုသာ ကျင့်သုံးပါ၊ တစ်ဆင့်ဖွင့် ပေးခြင်းကိုရှောင်ကြဉ်ပါ။ ယခင့် ယခင်ဖြစ်ပေါ်ခဲ့ဘူးတဲ့ဖြစ်ရပ်များကို အခြေခံပါလို့ ပန်ကြားလိုပါတယ်။ ဘဏ္ဍာငွေများ လာရောက်ထုတ်ယူရာတွင်လည်း ငွေစက္ကူသစ်များ အား စက်ဖြင့်ရေတွက် စစ်ဆေးလက်ခံမှုမပြုဘဲ မူလအထုပ်အတိုင်းလက်ခံဆောင်ရွက် သွားခြင်းမျိုးရှိနေ သေးတာကို ယနေ့တိုင် တွေ့ရှိရသေးသည့်အတွက် ငွေကြေးလုံခြုံမှုကို ကျိုးပေါက်နိုင်သဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ကြပါလို့ ထပ်မံပန်ကြား လိုပါတယ်။

၇။ နိဂုံးချုပ်အနေနဲ့ မန်နေဂျာကြီးများ ကွပ်ကဲတာဝန်ယူလုပ်ဆောင်ရတဲ့ ဘဏ်တစ်ခုလုံးရဲ့ လုံခြုံရေးကိစ္စ၊ လုပ်ငန်းကိစ္စ၊ ဝန်ထမ်းရေးရာကိစ္စတွေမှာ ဝန်ထမ်းများရဲ့ စိတ်ပိုင်းနှင့်ရုပ်ပိုင်းကို ဘဏ်ခွဲမန်နေဂျာကြီးများမှ အမြဲမပြတ်အကဲခတ်လေ့လာ နေကြပါ၊ ထူးခြားဖြစ်စဉ်များရှိခဲ့လျှင်လည်း ရုံးချုပ်နှင့် ဘဏ်လုံခြုံရေးဌာနသို့ အချိန်နှင့် တစ်ပြေးညီ အသိပေးတင်ပြကြပါ၊ ငွေကြေးလုံခြုံမှု၊ ပစ္စည်းလုံခြုံမှု၊သတင်းလုံခြုံမှု၊ ဝန်ထမ်းလုံခြုံမှုများကိုလည်း ဂရုပြုကြပါ။ တရားမဝင်သောငွေကြေးသွင်းခြင်း၊ ထုတ်ခြင်း၊ လွဲှပြောင်းခြင်းများ၌ သံသယဖြစ်ဖွယ်လုပ်ဆောင်ခြင်းများ၊ သတ်မှတ်ထား သော ငွေကြေးပမာဏ Threshold Amount ထက်ကျော်လွန် ရှိ/မရှိ စိစစ်ပေးကြပါ။ ယခုနှစ်အတွင်း သင်္ဃန်းကျွန်းဘဏ်၊ လှိုင်သာယာဘဏ်တို့၏ဖြစ်စဉ်များအပေါ် သုံးသပ်ပြီး ကြိုတင်ကာကွယ်မှုများဆောင်ရွက်ကြပါ။ လုံခြုံရေးစီမံချက်၊ မီးဘေး ကာကွယ်တားဆီးရေးစီမံချက်၊ သဘာဝဘေးအန္တရာယ်တားဆီးရေး စီမံချက်များကို အချိန်နှင့်တစ်ပြေးညီရေးဆွဲကြပြီး ဝန်ထမ်းများသို့ ကြိုတင်အသိပေးနှိုးဆော် ဇာတ်တိုက် လေ့ကျင့်ပေးကြပါ။ လုံခြုံရေးဌာန အနေဖြင့်လည်း ဘဏ်များနှင့် ငွေသိုလှောင်ခန်း များရဲ့ လုံခြုံရေးကိစ္စရပ်များကို လုံခြုံရေးရှုထောင့်အရ လေ့လာခြင်း၊ စစ်ဆေးခြင်းများအား (၂၀၁၀)ပြည့်နှစ်ထက် အရှိန်အဟုန်မြင့်ဆောင်ရွက်ပြီး ယခင်နှစ်များ ကကဲ့သို့ပင် မြန်မာ့စီးပွားရေးဘဏ်အကြီးအကဲထံ အချိန်နှင့်တစ်ပြေးညီအသိပေးခဲ့သလို ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဗဟိုဘဏ် ဥက္ကဌ၊ ဒုတိယဥက္ကဌများ၏ လမ်းညွှန်ချက်များကို ခံယူဆောင်ရွက်သွားမယ်ဆိုတာ ပြေကြားရင်း နိဂုံးချုပ်လိုက် ပါတယ်။ အားလုံးကို ကျေးဇူး တင်ရှိပါတယ်။

Weighted-average (WA) Market Exchange Rate

MMK per USD - Date 25th September 2020

Reference Exchange rate
(WA market rate)
1,309.4
Interbank Market WA rate 1,309.3
Bank-customer Market WA rate

1,309.5

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

Interest Rate(%)
Central Bank Rate 7%pa
Minimum Bank Deposit Rate 5%pa

Maximum Bank Lending Rate (Secured)

Maximum Bank Lending Rate (Unsecured)

10%pa

 

14.5%pa

Economic Indicators (%)
GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(June 2020)
7.91 %
Year on Year Inflation
(June 2020)
4.16 %

     Source : Ministry of Planning and Finance