မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကြမ်းထုတ်ပြန်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ
(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ။)
၁၃၇၃ ခုနှစ်၊ လ ရက်
၂၀၁၂ ခုနှစ်၊ လ ရက်
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကိုပြဌာန်းလိုက်သည်။
အခန်း (၁)
အမည်စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်
၁။ (က) ဤဥပဒေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေဟု ခေါ်တွင်စေရမည်။
( ခ ) ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်သည့် နေ့ရက်မှ စတင်အာဏာတည်စေရမည်။
၂။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်းအဓိပ္ပါယ်သက်ရောက်စေရမည် -
(က) နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
( ခ ) အစိုးရဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ကိုဆိုသည်။
( ဂ ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကိုဆိုသည်။
(ဃ) ဗဟိုဘဏ် ဆိုသည်မှာ ဤဥပေဒအရတည်ထောင်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ဆိုသည်။ ...........