ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းအား IMF Mission မှ Executive Director, Mr. Chia Der Jiun သည် ၂၈-၅-၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ငွေရေးကြေးရေကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် IMF အဖွဲ့အစည်းမှ ပူးပေါင်း ဆောင်ရွက်ရန် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား International University of Japan (IUJ)မှ ပါမောက္ခ ဒေါက်တာအောင်မျိုးနှင့် အဖွဲ့သည် ၂၈-၅-၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၌ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် ကျွမ်းကျင်မှုအကူအညီပေးရန် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
ထို့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား Daiwa Institute of Research Ltd. President, Mr. Takashi Fukai နှင့်အဖွဲ့သည် ၂၈-၅-၂ဝ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် လာရောက်တွေ့ဆုံပြီး Daiwa Institute of Research Ltd. အနေဖြင့် မြန်မာနိုင်ငံ၌ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ပါဝင်ဆောင် ရွက်ရန် ကိစ္စများကို ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ဌာနကြီးမှူးများ တက်ရောက်ခဲ့ ကြသည်။