The Republic of the Union of Myanmar

Central Bank of Myanmar

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား ပြည်ပဧည့်အဖွဲ့များ လာရောက်တွေ့ဆုံ

                ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်းအား Stock Exchange of Thailand, President Mr. Charamporn Jotikasthira  နှင့် အဖွဲ့သည် မေ ၂၁ ရက် နံနက် ၁ဝ နာရီခွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံတွင် အရင်းအနှီးဈေး ကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးရေး ပူးပေါင်းဆောင်ရွက်ရန် ကိစ္စများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

            အလားတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား Sumitomo Mitsui Banking Corporation  မှ Deputy President Mr. Hiroshi Minoura နှင့်အဖွဲ့သည် နံနက် ၁၁နာရီတွင် လာရောက်တွေ့ဆုံပြီး Sumitomo Mitsui Banking Corporation  အနေဖြင့် မြန်မာနိုင်ငံမှဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများအား တိုးချဲ့လုပ် ကိုင်ရန် ကိစ္စများနှင့် ပတ်သက်၍ အကျယ် တဝင့် ဆွေးနွေးခဲ့ကြသည်။

            ထို့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအား IMF Staff Visit Mission အဖွဲ့သည် မွန်းလွဲပိုင်းတွင် လာရောက် တွေ့ဆုံပြီး မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက် လျက်ရှိသော ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းများတွင် နည်းပညာအကူအညီပေးရေးနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေး ခဲ့ကြသည်။

            အဆိုပါ တွေ့ဆုံပွဲများသို့ ဌာနကြီးမှူးများ တက်ရောက်ခဲ့ကြသည်။

MMK per USD - Date 3rd August 2021

Reference Exchange Rate
(CBM Auction Rate)
1650.0

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

Interest Rate(%)
Central Bank Rate 7%pa
Minimum Bank Deposit Rate 5%pa

Maximum Bank Lending Rate (Secured)

Maximum Bank Lending Rate (Unsecured)

10%pa

 

14.5%pa

Economic Indicators (%)
GDP Growth Rate
2019-2020 FY
3.20 %
Annual Rate of Inflation
(February 2021)
2.61 %
Year on Year Inflation
(February 2021)
1.51 %

    Source :

    Ministry of Planning, Finance and Industry