မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
ရက်စွဲ၊ ၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၇ ရက်
သတင်းကြေညာချက်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားသစ်ကို ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် စတင်ထုတ်ဝေပါမည်။ ငွေစက္ကူသစ်ကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးဌာနတွင်လည်းကောင်း၊ ဘဏ်များနှင့် အစိုးရငွေတိုက်များတွင်လည်းကောင်း ထုတ်ပေးပါမည်။
လက်ရှိ တရားဝင်လှည့်လည်သုံးစွဲလျက်ရှိသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင်သုံးစွဲ ငွေအဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။
ငွေစက္ကူသစ်နှင့် ပတ်သက်သည့် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
တစ်သောင်းကျပ်တန်ငွေစက္ကူ
အရွယ်အစား ။ ။ ၁၅ x ၇ စင်တီမီတာ
ပေါ်လွင်သောအရောင် ။ ။ အပြာရောင်
မျက်နှာစာဘက် ။ ။ ထိပ်ပိုင်းတွင် “မြန်မာနိုင်ငံတော်ဗဟိုဘဏ်”စာတန်း ရိုက်နှိပ်ထားပါသည်။
အလယ်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြေပုံ၊ ၎င်းကို
ဝန်းရံထားသော သပြေခက်နှစ်ခက်၊ မျက်နှာချင်းဆိုင်တည်ရှိနေသည့်
မြန်မာ့အနုပညာလက်ရာမြောက် ဆင်ဖြူတော်နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့်
ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူတန်ဖိုးကိုဖော်ပြသည့် မြန်မာစာတန်း
“တစ်သောင်းကျပ်”ကိုလည်း ရိုက်နှိပ်ထားပါသည်။ လက်ယာဘက်ပိုင်းတွင်
မြန်မာ့အနုပညာလက်ရာမြောက် ကနုတ်ပန်းခက်များကိုရိုက်နှိပ်ထားပါသည်။
ထောင့်သုံးထောင့်တွင် ငွေစက္ကူတန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထား
ပါသည်။ ငွေစက္ကူနံပါတ်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရိုက်နှိပ်ထားပါသည်။
လက်ဝဲဘက်ပိုင်းတွင် ကြာဖြူပွင့်ပုံ ရေစာပါရှိပါ သည်။ ငွေစက္ကူတွင်လုံခြုံရေး
ကြိုးတစ်ချောင်းကိုဒေါင်လိုက်ထည့်သွင်းထားပါသည်။
ကျောဘက် ။ ။ ထိပ်ပိုင်းတွင် “CENTRAL BANK OF MYANMAR” စာတန်းကို
ရိုက်နှိပ်ထားပြီး ၎င်းစာတန်း၏ အောက်တွင် “TEN THOUSAND KYATS”
ဟူသော စာတန်းပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေးနန်းတော်၏
မြို့ရိုးနှင့်ကျုံးပုံကို ရိုက်နှိပ်ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့အနုပညာ
လက်ရာမြောက် ကနုတ် ပန်းခက်များကို ရိုက်နှိပ်ထားပါသည်။
ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။
ပုံစံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မျက်နှာဘက် ကျောဘက်