မဟာသြင်္ကန် နှစ်သစ်ကူးရုံးပိတ်ရက် ကာလအတွက် ရည်ညွှန်းနိုင်ငံခြားငွေ လဲလှယ်နှုန်း (Reference Foreign Exchange Rate) သတ်မှတ်ခြင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၂ခုနှစ် ဧပြီလ ၂ ရက်နေ့မှ စတင်၍ ရည်ညွှန်းနိုင်ငံခြားငွေ လဲလှယ်နှုန်း(Reference Foreign Exchange Rate) အား နေ့စဉ် ထုတ်ပြန်လျက် ရှိပါသည်။ မဟာသြင်္ကန် နှစ်သစ်ကူး ရုံးပိတ်ရက် ကာလအတွက် ရည်ညွှန်းနိုင်ငံခြားငွေလဲ လှယ်နှုန်း(Reference Foreign Exchange Rate)အား ၂၀၁၂ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သော Reference Foreign Exchange Rate အတိုင်း ဧပြီလ ၁၁ ရက်မှ ဧပြီလ ၂၂ ရက်နေ့အထိ ရည်ညွှန်းအသုံးပြုကြရန် ဘဏ်အသီးသီးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အကြောင်းကြားထားကြောင်း သိရပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် Reference Foreign Exchange Rate အား ဧပြီလ ၂၃ ရက်နေ့ မှစ၍ နေ့စဉ်ပြန်လည် ထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။