ဂျပန်နိုင်ငံ အခြေစိုက် Sumitomo Mitsui Banking Corporation ၏ စီမံကိန်းချေးငွေဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ(Seminar on Project Finance ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရှိ Park Royal Hotel ၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဇော် မှ အမှာစကားပြော ကြား သည်။
အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးရှိပါကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းချေးငွေ ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်း များအပေါ် ယုံကြည်မှုရှိစေရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထိန်းချုပ်ထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဆိုင်ရာ ကိစ္စရပ် များနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာကိစ္စရပ်များအား အကျယ်တဝင့် ဆွေးနွေးပါသည်။
ဆက်လက်၍ Sumitomo Mitsui Banking Corporation မှ Director and Head of Asia Pacific Division ဖြစ်သူ Mr. Masayuki Shimura မှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပြီး စီမံကိန်းချေးငွေဆိုင်ရာအလုပ် ရုံဆွေးနွေးပွဲ ပြုလုပ် ရခြင်းနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အခြားဘဏ် များပူးပေါင်း ဆောင်ရွက်ရမည့်အချက်များ၊ မြန်မာနိုင်ငံတွင် အကျိုးအမြတ်များစွာရရှိ စေမည့် ချေးငွေများနှင့်ပတ်သက်၍ နောင်တွင် ဆက်လက်လုပ်ကိုင်ရမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် Group Head, Project Finance Asia ဖြစ်သူ Mr. Mark Giblett မှ စီမံကိန်းချေးငွေအပေါ် အားသာချက်၊ အားနည်းချက်များ၊ စိန်ခေါ်မှုများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပါသည်။ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အခြားဘဏ် များမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းမှအမှုဆောင်ကော်မတီဝင်များ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာ့လေကြောင်း၊ မြန်မာကုမ္ပဏီများနှင့် ဂျပန်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ သင်တန်းသူ/သင်တန်းသားများ အပါအဝင်စုစုပေါင်း ( ၁၅၀) ဦးခန့် တက်ရောက်ပြီး မွန်းလွဲပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပပြီးစီးကြောင်း သတင်းရရှိပါသည်။