The Republic of the Union of Myanmar

Central Bank of Myanmar

Information

News & Announcements

Photo Gallery

Video Gallery

နိုင်ငံခြားသုံးငွေလုပ်ငန်းလိုင်စင်များခွင့်ပြုထုတ်ပေးခြင်း

နိုင်ငံခြားသုံးငွေလုပ်ငန်းလိုင်စင်များ ခွင့်ပြုထုတ်ပေးခြင်း

          မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနသည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့်အညီ နိုင်ငံခြားသုံးငွေလုပ်ငန်းလိုင်စင်များကို စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိပါသည်။ လိုင်စင်များသည် ထုတ်ပေးသည့်နေ့မှစ၍ (ငါးနှစ်) တိတိ သက်တမ်းရှိ၍ နောက်ထပ် (ငါးနှစ်) သက်တမ်းအတွက် ဆက်လက်လုပ်ကိုင်ရန် လိုင်စင်သက်တမ်း မကုန်ဆုံးမီ တစ်လအလိုတွင် လျှောက်ထားရမည် ဖြစ်ပါသည်။

၁။      နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်

          နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူဆိုသည်မှာ နိုင်ငံခြားသုံးငွေလုပ်ငန်းအပါအ၀င် နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့်ဘဏ်ကို ဆိုလိုသည်။ ယင်းလိုင်စင်ကို နိုင်ငံပိုင်ဘဏ်များဖြစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် တို့အားလည်းကောင်း၊ ပုဂ္ဂလိကဘဏ် (၁၉) ဘဏ်အားလည်းကောင်း၊ နိုင်ငံခြားဘဏ်ခွဲ (၁၀) ဘဏ်အားလည်းကောင်း ထုတ်ပေးထားပါသည်။ သတ်မှတ်လိုင်စင်ကြေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ကနဦးလိုင်စင်ကြေး သက်တမ်းတိုးလိုင်စင်ကြေး ဒဏ်ကြေး (တစ်လ) လုပ်ငန်းတိုးချဲ့ခြင်း ဘဏ်ခွဲ(၁)ခုအတွက်
ကျပ်- ၂,၀၀၀,၀၀၀/-    ကျပ်-၃၀၀,၀၀၀/-    ကျပ်-၅၀,၀၀၀/-           ကျပ်-၁,၀၀၀,၀၀၀

၂။      နိုင်ငံခြားငွေများ ၀ယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်

          နိုင်ငံခြားငွေများ ၀ယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်ရရှိသူဆိုသည်မှာ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ရာတွင် နိုင်ငံခြားငွေ ငွေသားနှင့် ခရီးသွားချက်လက်မှတ်များကိုသာ လက်ခံဝယ်ယူရောင်းချခွင့်ရှိသူကို ဆိုသည်။ ယင်းလိုင်စင်ကို ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် ဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများအား နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ စည်းမျဉ်းတို့တွင် ပြဋ္ဌာန်းချက်များနှင့်အညီ ထုတ်ပေးပါသည်။ သတ်မှတ်လိုင်စင်ကြေးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)   ကူးသန်းရောင်းဝယ်ရေးဘဏ်များ

ကနဦးလိုင်စင်ကြေး သက်တမ်းတိုးလိုင်စင်ကြေး ဒဏ်ကြေး (တစ်လ) ကောင်တာအသစ်(၁)ခုတိုးချဲ့ခြင်းအတွက်
ကျပ်- ၅၀၀,၀၀၀/-    ကျပ်-၂၀၀,၀၀၀/-    ကျပ်-၅၀,၀၀၀/-           ကျပ်-၅၀၀,၀၀၀

(ခ)     ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများ

ကနဦးလိုင်စင်ကြေး သက်တမ်းတိုးလိုင်စင်ကြေး ဒဏ်ကြေး (တစ်လ) ကောင်တာအသစ်(၁)ခုတိုးချဲ့ခြင်းအတွက်
ကျပ်- ၁,၀၀၀,၀၀၀/-    ကျပ်-၂၀၀,၀၀၀/-    ကျပ်-၅၀,၀၀၀/-           ကျပ်-၅၀၀,၀၀၀

Date : 21th Sep 2017

 

1359.0 / USD

More

Source : forex.cbm.gov.mm

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၁၀%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၈%
 ချေးငွေပေါ် အများဆုံး အတိုးနှုန်း တစ်နှစ်လျင် ၁၃%

 

Economic Indicators (%)
GDP Growth 5.90 %
Annual Rate of Inflation 4.91 %
Year on Year Inflation 2.30 %

     Source : Ministry of Planning and Finance