The Republic of the Union of Myanmar

Central Bank of Myanmar

Information

News & Announcements

Photo Gallery

Video Gallery

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကိုပြင်ဆင်သည့်ဥပဒေ-၁၉၉၅

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/၉၅)
၁၃၅၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်
(၁၉၉၅ ခုနှစ်၊ မေလ ၅ ရက်)

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။ ဤဥပဒေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၈၉ တွင် ပါရှိသော “ အနည်းဆုံး ထောင်ဒဏ် ၅ နှစ်မှ အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ရမည်" ဆိုသည့်စကားရပ်ကို “အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အများဆုံးတစ်သက်တစ်ကျွန်းဒဏ်အထိ ချမှတ် ရမည်" ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

(ပုံ) သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
 

Date : 23th Nov 2017

 

1366.0 / USD

More

Source : forex.cbm.gov.mm

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၁၀%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၈%
 ချေးငွေပေါ် အများဆုံး အတိုးနှုန်း တစ်နှစ်လျင် ၁၃%

 

Economic Indicators (%)
GDP Growth 5.90 %
Annual Rate of Inflation 4.66 %
Year on Year Inflation 3.40 %

     Source : Ministry of Planning and Finance